ခရစ္စမတ်တွင် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သည်ဟု မယုံကြည်နိုင်သေးဟု ကွန်တီဆို

ခရစ္စမတ်တွင် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သည်ဟု မယုံကြည်နိုင်သေးဟု ကွန်တီဆို
Photo:AFP

ဒီဇင်ဘာ ၂၆၊ လန်ဒန်။              ။ ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက ခရစ္စမတ်ကာလအတွင်း ပရီးမီးယားလိဂ်အမှတ် ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်မှုကို များစွာမယုံကြည်လောက်အောင် ဖြစ်မိ သည်ဟု ဆိုခဲ့သည်။

'' ဒီမတိုင်မီ တစ်စုံတစ်ယောက်က လာမေးခဲ့ရင် ကျွန်တော် အရိုးသားဆုံးဖြေပါ့မယ်။ ခရစ္စမတ်ကာလမှာ ဇယားထိပ်ဆုံးရှိနေတာကို ယုံကြည်ဖို့ အတော်ခဲယဉ်း ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အလုပ်ကိုကြိုးစားလုပ်ဆောင်ခဲ့ပြီး ကစားသမားတွေ အပေါ်လည်း များစွာကျေနပ်မိပါတယ်။ သူတို့ဟာ ဒီအောင်မြင်မှုနဲ့ ထိုက်တန်သူတွေပါ'' ဟု ကွန်တီက ပြောကြားခဲ့သည်။

ထို့အပြင် ကွန်တီက အသင်းတွင် ဒီယေဂိုကော်စတာနှင့် ကန်တီတို့မှာ အဓိက ကစားသမားများဖြစ်ပြီး ကစားသမားများအားလုံးနိုင်လိုစိတ်နှင့်ကြိုးစားမှုကြောင့်ယခုလို ဇယားထိပ်ရောက်နေခြင်းဖြစ်သည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly