ကွန်ဂိုတွင် သမ္မတရာထူးမှ ဆင်းပေးရေး တောင်းဆို ဆန္ဒပြမှုများအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၄ ဦးသေဆုံး

ကွန်ဂိုတွင် သမ္မတရာထူးမှ ဆင်းပေးရေး တောင်းဆို ဆန္ဒပြမှုများအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၄ ဦးသေဆုံး

ဒီဇင်ဘာ ၂၆ ။            ။ အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပေါ်နေခဲ့သော ကွန်ဂိုနိုင်ငံတွင် ယခုသီတင်းပတ်ကုန်အတွင်းက နိုင်ငံအရှေ့ပိုင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၄ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း စစ်တပ်နှင့် တက်ကြွလှုပ်ရှားသူများက ပြောသည်။ ယခုအခါ ယင်းအကြမ်းဖက်မှုများက နိုင်ငံရေးမတည်ငြိမ်မှုအသွင် ပြောင်းလဲလာနေသည်ဆိုသည့် စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာခဲ့ပြီဖြစ်သည်။

ယင်းနိုင်ငံတွင် ရာထူးသက်တမ်းကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း လက်ရှိသမ္မတ ဂျိုးဆက် ကာဘီလာ ဆက်လက်အာဏာဆက်ကိုင်ထားပြီးနောက်ပိုင်း  အကြမ်းဖက်ဆန္ဒပြမှုများ   နိုင်ငံတစ်ဝန်း   ဖြစ်ပေါ်ခဲ့ရပြီး တိုက်ခိုက်မှုများလည်း မြင့်တက်လာခဲ့သည်။

ယခုကိစ္စနှင့် အကြမ်းဖက်ဆန္ဒပြမှုကိစ္စ ပတ်သက်နေသည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သမ္မတ ရာထူးမှ မဖယ်ပေးသေးခြင်းကြောင့်   ဖြစ်ပေါ်နေရသည့် နိုင်ငံရေးမတည်ငြိမ်မှု အခြေအနေကြောင့် ပြည်တွင်း၌ ဆိုးရွားသည့် ပဋိပက္ခဖြစ်စဉ်များတိုးပွားလာမည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသည်။

ဒေသခံ Nande ပြည်သူ့စစ်အဖွဲ့တစ်ခု၏ သတ်ဖြတ်မှုကြောင့် ဒီဇင်ဘာ ၂၅ ရက်က အရှေ့ပိုင်းမြို့ Nyanzale တွင် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးသွားခဲ့ရကြောင်းနှင့် တိုက်ခိုက်သူများမှ သေနတ်များ၊ ဓါးများကိုင်ဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိသမ္မတ ကာဘီလာအစိုးရ မဆင်းပေးမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော ဖြစ်စဉ်များတွင် အနည်းဆုံး လူပေါင်း ၄၀ ထက်မနည်းသေဆုံးထားခဲ့ရပြီလည်းဖြစ်သည်။ အစိုးရကမူ   နောင်ရွေးကောက်ပွဲမတိုင်ခင်အထိ ဆက်လက်အာဏာထိန်းချုပ်ထားဦးမည်ဟုလည်း ပြောထားသည်။

သို့သော် သမ္မတ ကာဘီလာ၏ အာဏာရညွှန့်ပေါင်းအဖွဲ့နှင့်အဓိကအတိုက်အခံအုပ်စုတို့အကြား ညှိနှိုင်းဆွေးနွေးမှုများမှတဆင့် ၂၀၁၇ နောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပကာ ကာဘီလာရာထူးမှဆင်းပေးရေးအတွက် သဘောတူညီချက်ကောင်းတစ်ခု ရရှိနိုင်မည်ဟု မျှော်လင့်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly