ဘောက်စင်ဒေး၌ အမဲလိုက်ခြင်းကို အဆုံးသတ်ရန် စည်းရုံးရေးသမားများက လှု့ံဆော်တိုက်တွန်း

ဘောက်စင်ဒေး၌ အမဲလိုက်ခြင်းကို အဆုံးသတ်ရန် စည်းရုံးရေးသမားများက လှု့ံဆော်တိုက်တွန်း

ဒီဇင်ဘာ ၂၆ ။                 ။ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသောအဖွဲ့ဟာ စကော့တလန်အစိုးရအား ယခုနှစ် ဘောက်စင်ဒေး အမဲလိုက်ခြင်းကို နောက်ဆုံးကျင်းပသောပွဲအဖြစ် သတ်မှတ်ပေးရန်   တောင်းဆိုလိုက်ပါသည်။

ရက်စက်သော အားကစားများအား ဆန့်ကျင်ရေးအဖွဲ့ချုပ်နှင့် တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသောအဖွဲ့ OneKind တို့ဟာ Lord Bonomy ရဲ့မြေခွေးအမဲလိုက်ခြင်းဥပဒေကို ပြောင်းလဲသင့်သည်ဆိုသော ဆန်းစစ်မှုတစ်ခုထွက်ရှိ လာအပြီးမှာ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့တာဖြစ်ပါသည်။

Lord Bonomy က လက်ရှိ မြေခွေးအမဲလိုက်ခြင်း ဥပဒေများဟာ လွန်လွန်ကဲကဲကို ရှုပ်ထွေးလွန်းလှပါတယ်လို့ ထင်မြင်ခဲ့ပါသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အတွင်းရေးမှူး Roseanna Cunningham က Lord Bonomy ရဲ့ထင်မြင်ချက်ကို သေသေချာချာ ဂရုတစိုက်သုံးသပ် ဆင်ခြင်သွားမှာဖြစ်ပြီး ၂၀၁၇ခုနှစ်အစော ပိုင်းမှာ အဖြေပြန်ပေးသွားမယ်လို့ပြောခဲ့ပါသည်။

ဗြိတိန်၌ ဘောက်စင်ဒေးဟာ အမဲလိုက်ပွဲကျင်းပလေ့ရှိတဲ့ရိုးရာအချိန်အခါသမယဖြစ်ပြီး ကျေးလက်ဒေသများမှ အမဲလိုက်ခြင်းကိုကြိုဆိုသောမဟာမိတ်အဖွဲ့တို့က ထိုပွဲကိုလူပေါင်း ၂၀၀၀၀၀   ကျော်လောက်နှစ်စဉ် တက်ရောက် လေ့ရှိတယ်လို့ အခိုင်အမာပြောနေပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags