ဦးမျိုးရန်နောင်သိမ်းအမှု အာမခံပေးမရသော ပုဒ်မဖြစ်၍ အာမခံ ပယ်ချခံရဟု ဆို

ဦးမျိုးရန်နောင်သိမ်းအမှု အာမခံပေးမရသော ပုဒ်မဖြစ်၍ အာမခံ ပယ်ချခံရဟု ဆို

ရန်ကုန်၊ ဒီဇင်ဘာလ ၂၆ ။            ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံရသော ဦးမျိုးရန်နောင်သိမ်းအမှု အာမခံလျှောက်ထားချက်အား ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တရားရုံးမှ အာမခံပယ်ချခဲ့ကြောင်း အထက်တန်းတရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

" အာမခံပယ်တဲ့အကြောင်းကတော့ ရာဇဝတ်ကျင့်ထုံး နောက်ဆက်တွဲဇယားမှာ အာမခံပေးလို့ မရတဲ့ ပုဒ်မ ဖြစ်တယ်ပေါ့။ နောက်ပြီးတော့လည်း ကျွန်တော်တို့ အာမခံအတွက် ထူးခြားတဲ့ အခြေအနေ ရှိပါတယ်ဆိုပြီးတော့လည်း မတင်ပြနိုင်ဘူးပေါ့။ ဒါကြောင့်မို့လို့ ပယ်တယ်ပေါ့ "ဟု ဦးကျော်ဟိုး က ဆိုသည်။

အဆိုပါအမှုကိစ္စနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တရားရုံးတွင် ဦးမျိုးရန် နောင်သိမ်းအား ရုံးထုတ်၍ တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရ သည်။

ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး လင်းထွန်းက အောက်တိုဘာလ ၃၁ ရက်တွင် လှိုင်မြို့နယ် ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦးမျိုးရန်နောင်သိမ်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဝေဖန်သည့်ရေးသားချက်များကို ဆိုရှယ်မီဒီယာတွင် တင်သည်ဟုဆိုကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly