လုံခြံုရေးကောင်စီမဲခွဲဆုံးဖြတ်မှုအပေါ် ဖြေရှင်းချက်ပေးရန် အစ္စရေးဝန်ကြီးချုပ်က အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်

လုံခြံုရေးကောင်စီမဲခွဲဆုံးဖြတ်မှုအပေါ် ဖြေရှင်းချက်ပေးရန် အစ္စရေးဝန်ကြီးချုပ်က အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်

ဒီဇင်ဘာ ၂၆ ။            ။ ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးတို့ အိမ်ယာများအခြေချတည်ဆောက်နေသည့်ကိစ္စရပ်ဆိုင်းရေး ကုလသမဂ္ဂလုံခြံုရေးကောင်စီ မဲခွဲမှုတွင် ဗီတိုအာဏာမသုံးဘဲ အမေရိကန်တို့၏ ကြားနေခဲ့မှုနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြသည်။

တစ်ချိန်တည်းမှာပဲ အခြားသော နိုင်ငံပေါင်း ဆယ်နိုင်ငံမှ သံတမန်များသည်လည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်ဖြေရှင်းခဲ့ရသည်ဟုလည်း သိရပြီး အစ္စရေးဝန်ကြီးချုပ်အနေဖြင့် ကုလမဲခွဲမှုအပြီး ၀ါရှင်တန်အစိုးရအပေါ် ပြင်းထန်သည့်စကားများသုံးကာ ပြစ်တင်ခဲ့သည်ဟု ဆိုသည်။

ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးတို့ အိမ်ယာစီမံကိန်းများအခြေချတည်ဆောက်နေမှုကို ရပ်ဆိုင်းရေး ကုလသမဂ္ဂ၏ တားမြစ်သတ်မှတ်ချက်အဆိုကို ပြီးခဲ့သည့် ရက်ပိုင်းက အဖွဲ့ဝင် ၁၅ နိုင်ငံပါသည့် ကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုအောင်မြင်သွားခဲ့သည်။

ယင်းမဲခွဲမှုတွင် အစ္စရေးတို့၏ မဟာမိတ်အမေရိကန်တို့က ဗီတိုအာဏာသုံး၍ မကန့်ကွက်ခဲ့ဘဲ ကြားနေခဲ့ခြင်းအပေါ် ၀န်ကြီးချုပ် နေတန်ယာဟုက ဒေါသူပုန်ထခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly