ဂျာမနီတွင် စစ်လက်ကျန်ဗုံးတွေ့၍ ပြည်သူ ၅၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

ဂျာမနီတွင် စစ်လက်ကျန်ဗုံးတွေ့၍ ပြည်သူ ၅၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ

ဒီဇင်ဘာ ၂၆ ။           ။ ဂျာမနီနိုင်ငံ တောင်ပိုင်းမြို့တစ်မြို့၌  အလေးချိန် ၁ ဒသမ ၈ တန်ရှိ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီးနောက်ပိုင်း ဒေသခံ ၅၀,၀၀၀ ကျော်ကို ယင်းအရပ်မှ ယာယီစွန့်ခွာခိုင်းခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်သီတင်းပတ်က Augsburg မြို့၌ မြေအောက်ကားပါးကင်တစ်ခု ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်စဉ် အဆိုပါ ဗုံးကို ရှာတွေ့ခဲ့ပြီးဖြစ်ကာ ယခုအခါ ဗုံးရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရန် ဒေသခံများကို ဘေးကင်းရာအရပ်သို့ ယာယီရွှေ့ပြောင်းပေးခဲ့ရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်စ၍ အဆိုပါဗုံးတွေ့သည့်နေရာ၏ ၁ ဒသမ ၅ ကီလိုမီတာ ကျော်ပတ်ဝန်းကျင်အတွင်း နေထိုင်သူ အိမ်ထောင်စုပေါင်း ၃၂,၀၀၀၊ လူဦးရေပေါင်း ၅၄,၀၀၀ ကို ရွှေ့ပြောင်းခိုင်းခဲ့ရသည်။

ယင်းဒေသခံများကို ၎င်းတို့၏နေအိမ်များမှ နံနက် ၁၀ နာရီနောက်ဆုံးထား ထွက်ခွာကြရန် ထုတ်ပြန်ထားပြီး ယာယီတည်းခိုနေထိုင်ရေးစခန်းများကိုလည်း ဒေသတွင်း ကျောင်းများ၊အားကစားရုံများတွင် ဖွင့်လှစ်ပေးထားခဲ့သည်။

ယခုအခါ ယင်းမြို့တာဝန်ရှိသူများ၏ ဖေ့ဘွတ်ခ်အကောင့်တွင် ဖော်ပြချက်အရ ဗုံးကို အောင်မြင်စွာ စနက်တံဖြုတ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် အခြေအနေများမှ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly