မနီလာမြို့သို့ တိုင်ဖုန်းမုန်တိုင်း ခြိမ်းခြောက်ဦးတည်နေ

မနီလာမြို့သို့ တိုင်ဖုန်းမုန်တိုင်း ခြိမ်းခြောက်ဦးတည်နေ

မနီလာ၊ ဒီဇင်ဘာ ၂၆ ။         ။ ဖိလစ်ပိုင်နိုင်ငံအတွင်း တိုင်ဖုန်းမုန်တိုင်း နော့တန်း ဆက်လက်တိုက်ခတ်နေပြီး လူဦးရေထူထပ်သော မြို့တော် မနီလာ ဝန်းကျင်အရပ်များသို့ ဦးတည်ခြိမ်းခြောက်နေသည်။

မြို့တွင် ဒီဇင်ဘာ ၂၆ ရက်နောက်ပိုင်း၌ တိုင်ဖုန်းတိုက်ခတ်ရန် ရှိနေရာ အရပ်ဖက်အရာရှိများက အနီရောင်သတိပေးချက် ထုတ်ထားသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် မုန်တိုင်းက အရှေ့ဖက်ကမ်းခြေများ၌ တိုက်ခတ်ပြီးနောက် အားနည်းလာခဲ့သော်လည်း လေတိုက်နှုန်းမှာ တစ်နာရီ ၁၄၀ ကီလိုမီတာရှိကြောင်း မိုးလေဝသပညာရှင်များက   ပြောသည်။

မုန်တိုင်းကြောင့် လျှပ်စစ်မီးများ ပြတ်တောက်ကာ သစ်ပင်များ အမြစ်ကျွတ်ပြိုလဲသည်။ သေဆုံးသူသတင်း မကြားသိရသေးပေ။

မနီလာမြို့တော်အနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလွှမ်းမှုများနှင့် လေပြင်းများနှင့် ကြံုရနိုင်ကြောင်း မြို့ကာကွယ်ရေးရုံးက သတိပေးထားသည်။

“ကျွန်မတို့ရဲ့ သဘာဝဘေးကောင်စီတွေက အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားတယ်။”ဟု နိုင်ငံ၏ သဘာဝဘေးစောင့်ကြည့်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ မီနာမာရာဆစ်ဂန်က   ပြောကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

“ကျွန်မတို့အနေနဲ့ ကြိုတင်ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို ပြင်ဆင်ထားပါတယ်။”ဟု ၎င်းက ဆိုသည်။

ဒေသအခေါ် နီနာမုန်တိုင်းဖြစ်သည့် တိုင်ဖုန်း မုန်တိုင်း နော့တန်းသည် ဒီဇင်ဘာ ၂၅ ရက်က ကာတန်ဒူအန့်စ်ကျွန်း ကမ်းခြေတွင် ဝင်ရောက်တိုက်ခတ်ခဲ့သည်။

ရေကြီးရေလွှမ်းမှုများ ပိုမိုဖြစ်လာပြီး မြေပြိုမှုများ ဖြစ်လာနိုင်ခြင်းကြောင့် ဘီကိုးအရပ်ရှိ ဘေးများသောဒေသများမှ ပြည်သူ တစ်သိန်းကျော်ထက်မနည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags