အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု က ကုလသမဂ္ဂနှင့် ပတ်သက်ဆက်နွယ်မှုအား ပြန်လည်သုံးသပ်ရန် အမိန့်ပေး

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု က ကုလသမဂ္ဂနှင့် ပတ်သက်ဆက်နွယ်မှုအား ပြန်လည်သုံးသပ်ရန် အမိန့်ပေး

အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု က အစ္စရေးဟာ ကမ္ဘာ့ကုလသမဂ္ဂနှင့် ၄င်းတို့၏ ပတ်သက်ဆက် နွယ်မှုကို ပြန်လည် သုံးသပ် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သိမ်းပိုက်ထားသောနယ်မြေအပေါ်တွင် အစ္စရေးတို့က အခြေချနေထိုင်ရန ်အဆောက်အဦးများ ဆောက်လုပ်နေ ခြင်းအား အဆုံးသတ်ရန်တောင်းဆိုသည့် အပေါ် ကမ္ဘာ့ကုလသမဂ္ဂလုံခြံုရေးကောင်စီက ဆုံးဖြတ်ချက်ချပြီး သဘောတူလက်ခံခဲ့သည့် အတွက် ယခုလို အမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံး၍ ပယ်ချရန်ငြင်းဆန်ခဲ့သည့် အတွက် ကုလသမဂ္ဂက ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါသည်။ ဒါဟာ အမေရိကန်နိုင်ငံအတွက်တော့ သူတို့ရေရှည်ကျင့်သုံးလာခဲ့သည့် အလေ့အထတစ်ခုကို ချိုးဖျက်လိုက်ခြင်းဖြစ်ပါသည်။ အမေရိကန်နိုင်ငံဟာ အစဉ်အလာအားဖြင့် အစ္စရေး နိုင်ငံအပေါ်သို့ စီရင်သည့် ယခုလိုဆုံးဖြတ်ချက်များအား အကာအကွယ်ပေးလေ့ ရှိခဲ့ပါသည်။

မစ္စတာနေတန်ရာဟုကတော့ အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်းခေါင်းဆောင်တို့ကြိုဆိုသော ကမ္ဘာ့ကုလသမဂ္ဂ လုံခြံုရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ၏ သောကြာနေ့တုန်းက ပြုလုပ်ခဲ့တဲ့ မဲပေးဆုံးဖြတ်ချက်အပေါ် လုံးဝသည်းခံ သွားမှာမဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါသည်။

သူက “ ကျနော်နိုင်ငံခြားရေးရာဝန်ကြီးဌာနကို အစ္စရေးနိုင်ငံက ကူညီထောက်ပ့ံပေးထားသော ယူအန်အဖွဲ့     အစည်းများနှင့် အစ္စရေးနိုင်ငံမှာ ရှိနေသော ယူအန်ကိုယ်စားလှယ်တေ ွအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂနဲ့ ကျနော်တို့ ရဲ့ ဆက်သွယ်မှုအပေါ် ပြန်လည်ချင့်ချိန်သွားမည့် အစီအမံအား တစ်လအတွင်း အပြီးသတ် လုပ်ဆောင်ဖို့ညွှန်ကြား ထားပြီးပါပြီ” လို့ပြောကြားခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly