ဒီဇင်ဘာ ၂၅၊ နီယွန်။ ။ ချန်ပီယံလိဂ် တစ်နှစ်တာအထူးချွန်ဆုံး လူငယ်ကြယ်ပွင့်များအသင်းတွင် ထက်ဝက်လောက်ကို ဒေါ့မွန်နှင့် ဘာစီလိုနာ ကစား သမားများက လွှမ်းမိုးထားပြီး စုစုပေါင်းအသင်း ခုနစ်သင်းမှ ကစားသမားများရွေးချယ်ခံရသည်။
၃-၄-၃ ကစားကွက်ဖြင့် ရွေးချယ်ထားခြင်းဖြစ်ပြီး ယူရို ၂၀၁၆ လူငယ်ကြယ်ပွင့် ရီနာတိုဆန်းချက်ဇ်အပါအဝင် ဘိုင်ယန်မြူးနစ်မှ နှစ်ဦး၊ ပြင်သစ်လိဂ်-၁ မှ နှစ်ဦးလည်းပါဝင်သည်။ မန်ယူအသင်းနှင့်သတင်းထွက်နေသည့် ဘင်ဖီကာနောက်ခံလူ လင်ဒဲလ်လော့ လည်းရွေးချယ်ခံရသည်။
ရီးယဲလ်မက်ဒရစ်အသင်းကို ပထမဆုံးကိုင်တွယ်သည့်နှစ်တွင် ချန်ပီယံလိဂ်ဖလားနှင့် ကမ္ဘာ့ကလပ်ဖလားရအောင် စွမ်းဆောင် ပေးသည့် ဇီဒန်းမှာ နည်းပြအဖြစ်ရွေးချယ်ခံရသည်။
ချန်ပီယံလိဂ်တစ်နှစ်တာအထူးချွန်ဆုံးလူငယ်ကြယ်ပွင့်အသင်းလူစာရင်းမှာ
နေရာ အမည် အသက် ကလပ် နိုင်ငံ
ဂိုး အဲ့ဖွန့်စ် အာဟီအိုလာ ၂၃ နှစ် ပီအက်စ်ဂျီ ပြင်သစ်
နောက် ဆာဂျီ ရော်ဘတ်တို ၂၄ နှစ် ဘာစီလိုနာ စပိန်
နောက် ဆန်မြူရယ် အွန်တီတီ ၂၃ နှစ် ဘာစီလိုနာ ပြင်သစ်
နောက် ဗစ်တာ လင်ဒဲလ်လော့ ၂၂ နှစ် ဘင်ဖီကာ ဆွီဒင်
လယ် သောမတ်စ် လီမာ ၂၁ နှစ် မိုနာကို ပြင်သစ်
လယ် ဂျိုရှူအာ ကင်မစ်ချ် ၂၁ နှစ် ဘိုင်ယန်မြူးနစ် ဂျာမနီ
လယ် ရီနာတို ဆန်းချက်စ် ၁၉ နှစ် ဘိုင်ယန်မြူးနစ် ပေါ်တူဂီ
လယ် ရာဖယ် ဂယ်ရဲဟို ၂၃ နှစ် ဒေါ့မွန် ပေါ်တူဂီ
ရှေ့ ခရစ္စတီယန် ပူလီဆစ် ၁၈ နှစ် ဒေါ့မွန် အမေရိကန်
ရှေ့ အန်ဒရီ ဆေးလ်ဗား ၂၁ နှစ် ပေါ်တို ပေါ်တူဂီ
ရှေ့ အူစမန် ဒမ်ဘယ်လီ ၁၉ နှစ် ဒေါ့မွန် ပြင်သစ်
Ref; Daily Mail