အလောင်းတော်ကဿ ပလမ်းအား ဇန်နဝါရီ ရ ရက်နေ့တွင် ဖွင့်မည်

အလောင်းတော်ကဿ ပလမ်းအား ဇန်နဝါရီ ရ ရက်နေ့တွင် ဖွင့်မည်

မုံရွာ၊ ဒီဇင်ဘာ ၂၅။            ။ အလောင်းတော်ကဿ     ပလမ်းပိုင်းအား ယခုလာမည့် ဇန်နဝါရီလ ရ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အလောင်းတော်ကဿ     ပသို့ သွားရောက်လိုပါက ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာ၊ ကပိုင်ကျေးရွာ၊ စသည့်တို့မှတဆင့် သွားရောက်နိုင်ပြီး မုံရွာမြို့နှင့် မိုင် ၅၀ ကျော်အကွားအဝေး ဖြစ်သည်။

 "ဆိုင်ကယ်နဲ့လည်း သွားကြတယ်၊ ကားနဲ့လည်းသွားကြတယ်၊ ဒါပေမဲ့ ဒီနှစ်မှာ ခွေးဘီးလူးကားလေးတွေနဲ့ထော်လာဂျီတွေကို တက်ခွင့်မပြုတော့ဘူး။ အန္တရာယ်ကင်းရှင်းရေးအတွက် စီစဉ်ထားတာပါ" ဟု အလောင်းတော်ကဿ     ပ ဂေါပကအဖွဲ့ အတွင်းရေးမှူး ကိုအေးမင်းစိုးက ပြောသည်။

တောင်တက်လမ်းသည် ကြမ်းတမ်းသည့်အပြင် ယာဉ်အန္တရာယ်ဖြစ်ပွားမှုသည်လည်း နှစ်စဉ်ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလောင်းတော်ကဿ     ပ လမ်းပိုင်းသည် မြေသားလမ်းဖြစ်ပြီး ဇန်နဝါရီလနှင့် မေလ ထိသာ သွားလာခွင့်ပြုထားပြီး မိုးဦးကျချိန်အလျောက် ပိတ်ရက်ကို သတ်မှတ်ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly