လေဘာတီရုပ်တုထက် နှစ်ဆကျော်မြင့်သည့် အလယ်ခေတ်စစ်ဘုရင်ရုပ်တုအား အိန္ဒိယက ဒေါ်လာ သန်း ၅၃၀ အကုန်အကျခံ တည်ဆောက်မည်

လေဘာတီရုပ်တုထက် နှစ်ဆကျော်မြင့်သည့် အလယ်ခေတ်စစ်ဘုရင်ရုပ်တုအား အိန္ဒိယက ဒေါ်လာ သန်း ၅၃၀ အကုန်အကျခံ တည်ဆောက်မည်

နယူးဒေလီ၊ ဒီဇင်ဘာ ၂၄ ။           ။ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက အလယ်ခေတ်က စစ်ဘုရင်တစ်ပါးအား တစ်ခမ်းတစ်နား အောင်းမေ့ဖွယ်အဖြစ် ကြီးမားသော ရုပ်တုကြီး ထုလုပ်ရန် ပန္နက်ကျောက်တုံးအား ဒီဇင်ဘာ ၂၄ ရက်က စိုက်ထူးသည်။

အဆိုပါ အောင်းမေ့ဖွယ်ထုလုပ်ခြင်းအတွက် ရူပီးငွေ ဘီလီယံများစွာ ကုန်ကျလိမ့်မည် ခန့်မှန်းထားသကဲ့သို့ သဘာဝပတ်ဝန်းကျင်ရေး လှုပ်ရှားသူများနှင့် အခြားသူများ၏ ဝေဖန်မှုများလည်း
ရှိနေသည်။

ထိုအောင်းမေ့ဖွယ်အထိမ်းအမှတ်နေရာ ပြုလုပ်ရာတွင် ၁၆ ရာစုခေတ်က အိန္ဒိယအနောက်ပိုင်းတွင် အုပ်ချုပ်စိုးစံခဲ့သည့် သျှီဝဇီ ဘုရင်၏ ၁၉၂ မီတာရှိ ရုပ်တုအား ထုလုပ်ခြင်းလည်း ပါဝင်မည်ဖြစ်ကာ မွမ်ဘိုင်းကမ်းခြေတွင် တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ အထိမ်းအမှတ်နေရာအား ၂၀၁၉ ခုနှစ်တွင် ပြီးစီးရန် မျှော်လင့်ထားသည်။

မွမ်ဘိုင်းမြို့တော်၏ ပြည်နယ်ဖြစ်သော မဟာရာရှာထရာပြည်နယ်အစိုးရက အဆိုပါ ရုပ်တုအတွက် ရူပီး ၃၆ ဘီလီယံ(အမေရိကန်ဒေါ်လာ သန်း ၅၃၀) သုံးစွဲရမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

“ငွေဖြုန်းတာအပြင် ဒါက သဘာဝပတ်ဝန်းကျင်၊ တောင်ပိုင်းဘုံဘေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေကို ဆိုးဆိုးဝါးဝါး ဖြစ်စေမှာအပြင် လုံခြံုရေးအတွက်လည်း ခြိမ်းခြောက်လာနိုင်တယ်။”ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

အဆိုပါ ရုပ်တုကြီး တည်ဆောက်ပြီးစီးလျှင် နယူးယောက်တွင်ရှိသော လေဘာတီရုပ်တုကြီး အမြင့်ထက် နှစ်ဆကျော် ပိုမြင့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly