မောင်တောမြို့တွင် တိုင်းရင်းသားကျေးရွာသစ် (၇) ရွာထိ တိုးချဲ့ပြီး နေထိုင်သူများကို မြေနှင့် ကျွဲနွားများပါ ထောက်ပံ့မည်

မောင်တောမြို့တွင် တိုင်းရင်းသားကျေးရွာသစ် (၇) ရွာထိ တိုးချဲ့ပြီး နေထိုင်သူများကို မြေနှင့် ကျွဲနွားများပါ ထောက်ပံ့မည်

စစ်တွေ၊ ဒီဇင်ဘာ ၂၃ ရက်။           ။ ရခိုင်နယ်စပ် မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားကျေးရွာ (၇) ရွာကို ပြည်နယ်အစိုးရမှ တည်ထောင်ပေးသွားမည်ဖြစ်ကာ လာရောက်နေထိုင်သူများကို မြေနှင့် လုပ်ကိုင်စားသောက်ရန် ကျွဲနွားများပါ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

“ မောင်တောဒေသမှာ ကျေးရွာသစ်တွေ ချပေးသွားဖို့ လုပ်နေပါတယ်။ မြေနေရာတွေကိုလည်း သတ်မှတ်ထားပြီးပါပြီ။ အဲဒီရွာတွေမှာ တစ်ဖက်နိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာခဲ့ကြတဲ့ ရခိုင်တိုင်းရင်းသားတွေရှိပါတယ်။ ပြီးတော့ တခြားပြည်နယ်နဲ့တိုင်းတွေမှာ ပြောင်းရွှေ့နေထိုင်ပြီး ပြန်လာသူတွေကို ထားဖို့စီစဉ်နေပါတယ််။”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များက မောင်တောဒေသနှင့့်ပါတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဒေသအတွင်း ကျေးရွာသစ်များ ချပေးရန်စီစဉ်ရခြင်းမှာ ဒေသတွင်း နေထိုင်ကြသည့် လူဦးရေအချိုးအစား အဆမတန် ကွာခြားနေမှုကို လျော့ချနိုင်ရန် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သတင်းမီဒီယာများကို ပြောသည်။

ယခု လက်ရှိတွင် မောင်တောဒေသအတွင်းရှိ ကျေးရွာများ၏ အနေအထားမှာ ဒေသခံတိုင်းရင်သားများနေထိုင်သည့် ကျေးရွာ ၉၈ ရွာ၊ အစ္စလမ်ဘာသာဝင်ကိုးကွယ်သူများ သီးသန့်နေထိုင်သည့် ကျေးရွာ ၂၀၈ ရွာအပါအဝင် ရောနှောနေထိုင်သည့် ကျေးရွာ ၃၉၇ ရွာ ရှိပြီး ရာခိုင်နှုန်းအားဖြင့် ရခိုင်တိုင်းရင်းသားများမှာ ၂ ရာခိုင်နှုန်းသာ ရှိကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly