ခရစ်စမတ်နေ့တွင် အင်အားကြီးမုန်တိုင်းဝင်ရောက်ဖွယ်ရှိနေ၍ ဖိလစ်ပိုင်တွင် သတိပေးချက်များ ထုတ်ပြန်ထားရ

ခရစ်စမတ်နေ့တွင် အင်အားကြီးမုန်တိုင်းဝင်ရောက်ဖွယ်ရှိနေ၍ ဖိလစ်ပိုင်တွင် သတိပေးချက်များ ထုတ်ပြန်ထားရ

ဒီဇင်ဘာ ၂၃ ။            ။ လာမည့် ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်စမတ်နေ့ကို ကျင်းပရန် ဖိလစ်ပိုင်နိုင်ငံရှိ ပြည်သူသန်းပေါင်းများစွာတို့ စိုင်းပြင်းနေလျက်ရှိနေသော်လည်း ယင်းနေ့တွင်ပင် အင်အားပြင်း တိုင်ဖုန်း မုန်တိုင်းတစ်လုံး ၀င်ရောက်တိုက်ခတ်ရန်ရှိနေကြောင်း အာဏာပိုင်များက သတိပေးထားသည်။

အားပြင်းမုန်တိုင်း နော့ခ်တန်မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ (၁၉၄ ကီလိုမီတာ) ဖြင့် တိုက်ခတ်ဖွယ်ရှိနေကြောင်းနှင့် ဒီဇင်ဘာ ၂၅ ရက်တွင် နိုင်ငံအရှေ့ပိုင်းသို့ ၀င်ရောက်ဖွယ်ရှိနေကြောင်း အမေရိကန်ပူးပေါင်းတိုင်ဖုန်းသတိပေးစင်တာက ထုတ်ပြန်သည်။

ယင်းနေ့တွင် လေပြင်းများကျရောက်လာမည်ဟုလည်း ဖိလစ်ပိုင်ရာသီဥတုဗျူရိုက ထုတ်ပြန်ခန့်မှန်းထားသည်။

" ပြည်သူတွေအနေနဲ့ ခရစ်စမတ်နေ့မှာ အထူးသတိရှိကြဖို့ လိုပါတယ်" ဟု ဖိလစ်ပိုင်အမျိုးသား သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် စီမံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ရိုမီနာ မာရာဆီဂင်က ပြောသည်။

" မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးတွေ ပြင်ဆင်ထားသင့်ပါတယ်" ဟုလည်း သူမက ပြောသည်။

လက်ရှိအချိန်တွင် သန်းပေါင်းများစွာသော ဖိလစ်ပိုင်ပြည်သူအများစုမှာ အားလပ်ရက်ပွဲတော်အတွက် ၎င်းတို့မူလနေရပ်များသို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့နှင့်အသီးသီး သွားလာနေကြလျက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly