အကြမ်းဖက်မှု စွပ်စွဲချက်များဖြင့် လူနှစ်ဦးကို ဂျာမနီရဲများ ဖမ်းဆီး

အကြမ်းဖက်မှု စွပ်စွဲချက်များဖြင့် လူနှစ်ဦးကို ဂျာမနီရဲများ ဖမ်းဆီး

ဒီဇင်ဘာ ၂၃ ။                ။ နယ်သာလန်နယ်စပ်အနီး Oberhausen မြို့ရှိစျေးဝယ်စင်တာကို တိုက်ခိုက်ရန်စီစဉ်နေသည်ဟုသံသယရှိသော ကြောင့် ဂျာမနီတွင် ယောင်္ကျားနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်း ရဲများကပြောပါသည်။ ကိုဆိုဗိုနိုင်ငံဖွား အသက် ၃၁ နှစ်နှင့် ၂၈နှစ်အရွယ်ရှိ ညီအစ်ကိုနှစ်ဦးကို ယနေ့သောကြောနေ့အစောပိုင်းတုန်းက Duisburg မြို့တွင်ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။

ပြီးခဲ့သော တနင်္လာနေ့က ဖြစ်ပွားခဲ့သော လူ ၁၂ ဦးသေဆုံးခဲ့သည့် ဘာလင်အကြမ်းဖက်မှုအပြီးတွင် ဂျာမနီနိုင်ငံဟာ လုံခြံုရေးအရ အသင့်အနေအထားနှင့် နိုးနိုးကြားကြားရှိနေပါသည်။ Breitscheidplatz ခရစ်စ္စမတ်စျေးထဲသို့ လော်ရီကားဖြင့်မောင်းနှင်တိုက်ခိုက်ခဲ့သည်ဟု သံသယရှိရသော တူနီးရှားအမျိုးသား Anis Amri ကိုဥရောပ တစ်ခွင်တွင် စနစ်တကျ လိုက်လံရှာဖွေနေကြ ပါသည်။

ရဲသားများကတော့ Oberhausen သို့တိုက်ခိုက်မှုမှာ CentrO စျေးဝယ်စင်တာကိုပစ်မှတ်ထားတိုက်ခိုက်ဖို့ရည် ရွယ်ထားကြောင်းပြောခဲ့ပါသည်။ ထောက်လှမ်းရေးအဖွဲ့မှသတင်းရရှိအပြီးမှာ ရဲအရာရှိများကို အရပ်သားအသွင် ၀တ်ဆင်စေပြီး စျေးဝယ်စင်တာနှင့်အနီးရှိ ခရစ်စ္စမတ်စျေးထဲသို့ ကင်းလှည့်ရန် စေလွှတ်ထားခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်မှုဟာ ဘယ်လောက်တောင် ခရီးရောက်ပြီးပြီလဲဆိုတာနှင့် ဘယ်သူတွေ ပါ၀င်ခဲ့လဲဆိုတာကိုတော့ မသိရသေးကြောင်း ပြောခဲ့ပါသည်။ အခုအချိန်ထိတော့ သောကြာနေ့တွင် ပြုလုပ်နေသည့် ဖမ်းဆီးမှုများဟာ ပြီးခဲ့သော ဘာလင်အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိတဲ့ လက္ခဏာများတော့ မတွေ့ ရသေးကြောင်းသိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags