အစိုးရ၏ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသွားသည့် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့

အစိုးရ၏ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသွားသည့် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့

ဒီဇင်ဘာ ၂၃ ။             ။ ဆီးရီးယားအစိုးရစစ်တပ်က ဘေးကင်းရာသို့ပြောင်းရွှေ့နေသော သူပုန်များ၏နောက်ဆုံးအသုတ် မြို့ထဲမှ ထွက်ခွာသွားပြီးနောက် သူတို့ဟာ အလက်ပိုမြို့တစ်ခုလုံးကို   ပြန်လည်သိမ်းပိုက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောခဲ့ ပါသည်။

အစိုးရတပ်များက သူတို့ဟာအလက်ပိုမြို့ကိုလုံခြံုရေးပြန်လည်ပေးနိုင်ပြီဖြစ်ပြီးသူပုန်များအတွက်တော့စိတ်ပျက် ဖွယ်ရာရှုံးနိမ့်မှုတစ်ခုဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

ဒဏ်ရာရနေသောပြည်သူများနှင့်စစ်သားများပါမကျန် မြို့တွင်းမှထွက်ခွာလိုသောပြည်သူအားလုံးကိုဘေးကင်း ရာသို့ရွှေ့ပြောင်းပြီးပြီဖြစ်ကြောင်း နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) က အတည်ပြုပြောကြားခဲ့ပါသည်။

သမ္မတဘာရှာအယ်လ်အာဆက်အတွက်တော့၂၀၁၁ခုနှစ်တုန်းကတည်းကစတင်ထကြွခဲ့တဲ့သူ့ကိုပုံကန်မှုအပေါ် အကြီးအကျယ် အနိုင်ရရှိလိုက်ခြင်းဖြစ်ပါသည်။  ပြည်သူများနှင့် သူပုန်များအားလုံး အပါအဝင် အနည်းဆုံး အယောက် ၃၄၀၀၀ လောက်ကို အလက်ပိုမြို့အရှေ့ပိုင်းမှဖယ်ရှားပြီးပြီဖြစ်ကြောင်းကုလသမဂ္ဂအရာရှိတစ်ဦးက အစောပိုင်းတုန်းက ပြောကြားခဲ့ပါသည်။

နှင်းများသည်းထန်စွာကျဆင်းမှု၊ လေပြင်းထန်စွာတိုက်ခတ်မှုနှင့် ကားများ၏ဆိုးရွားသောအခြေအနေများက ဘေးကင်းရာသို့ပြောင်းရွှေ့မှုကိုကြန့်ကြာစေခဲ့ပြီး လူပေါင်းထောင်ချီလောက်ဟာ   အေးခဲနေတဲ့ ရာသီဥတုအခြေ အနေထဲမှာ နာရီပေါင်းအတော်ကြာ စောင့်ဆိုင်းနေခဲ့ကြရပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags