ဘန်တီကီကိုခေါ်ယူမိသည့် နည်းပြသုံးဦးစလုံး တိုက်ဆိုင်စွာပင် ရာထူးမှထုတ်ပယ်ခံရ

ဘန်တီကီကိုခေါ်ယူမိသည့် နည်းပြသုံးဦးစလုံး တိုက်ဆိုင်စွာပင် ရာထူးမှထုတ်ပယ်ခံရ

ဒီဇင်ဘာ ၂၃၊ လန်ဒန်။             ။ တိုက်စစ်မှူး ဘန်တီကီသည် ပရီးမီးယားလိဂ်အသင်းသုံးသင်းတွင်ကစားဖူးပြီး ၎င်းကိုခေါ်ယူခဲ့သည့် နည်းပြသုံးဦးစလုံးမှာ တူညီသည့် ကံကြမ္မာတစ်ခုကို ခံစားခဲ့ကြရသည်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးသည် ၂၀၁၂ တွင် အက်စတွန်ဗီလာသို့ရောက်လာပြီး သုံးနှစ်အကြာတွင် လီဗာပူးလ်သို့ပြောင်းရွှေ့ခဲ့ကာ ပြီးခဲ့သည့်နွေရာသီက ခရစ္စတယ်ပဲလေ့စ်သို့ ထပ်မံပြောင်းရွှေ့ခဲ့သည်။

ယင်းအသင်းများနှင့်အတူ မတူညီသည့်အောင်မြင်မှုများရခဲ့သော်လည်း အင်္ဂလန်ဘောလုံးလောကတွင် ကျင်လည်နေစဉ်အတွင်း မပြောင်းလဲသည့်အကြောင်းရာတစ်ခုလည်းရှိနေသည်။

လမ်းဘတ်သည် ၂၀၁၂ သြဂုတ်တွင် ဘန်တီကိုပရီးမီးယားလိဂ်သို့ စတင်ခေါ်ယူလိုက်ပြီး ဂျန့်ခ်အသင်းထံမှ ပေါင် ရ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ပထမဆုံးရာသီတွင်ခြေစွမ်းပြကာ ၂၃ ဂိုးသွင်းနိုင်ခဲ့သော်လည်း နောက်တစ်ရာသီတွင် ဒဏ်ရာများ ကြောင့် ၁၁ ဂိုးသာသွင်းနိုင်ခဲ့သည်။

၂၀၁၄-၁၅ ရာသီတွင်လည်းရုန်းကန်ခဲ့ရပြီး ဗီလာအသင်းမှာ အဆင့် ၁၈ ရခဲ့ကာ နည်းပြလမ်းဘတ်သည် ၂၀၁၅ ဖော်ဖော်ဝါရီတွင် ထုတ်ပယ်ခံရသည်။

လီဗာပူးလ်အသင်းသည် ၎င်းတို့၏ ဒုတိယစျေးအကြီးဆုံးကစားသမားအဖြစ် ဘန်တီကီကို ၂၀၁၅ ဇူလိုင်တွင် ပေါင် ၃၂ ဒသမ ၅ သန်းဖြင့်ခေါ်ယူခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၈ သာရှိသေးသည့် အောက်တိုဘာတွင် အဲဗာတန်နှင့်တစ်ဂိုးစီသရေကျပြီးနောက် အဆင့် ၁၀ နေရာရောက် နေသည့် လီဗာပူးလ်အသင်းသည် နည်းပြရော်ဂျာကို ရာထူးမှထုတ်ပယ်ခဲ့သည်။ ဘန်တီကီသည် လီဗာပူးလ်အတွက် ၄၂ ပွဲကစားပြီး ၁၀ ဂိုးသာသွင်းနိုင်ခဲ့သည်။

လီဗာပူးလ်တွင်တစ်ရာသီသာကြာပြီးနောက် ပြောင်းရွှေ့ကြေးပေါင် ၃၂ သန်းထိတိုးမြင့်နိုင်သည့် ပေါင် ၂၇ သန်းဖြင့် ခရစ္စတယ် ပဲလေ့စ်သို့ ထပ်မံပြောင်းရွှေ့ခဲ့ပြန်သည်။

ပဲလေ့စ်တွင် ပရီမီးယားလိဂ်ပွဲစဉ် ၁၅ အပြီး ရှစ်ဂိုးသွင်းကာခြေစွမ်းပြနိုင်သော်လည်း အသင်းမှာတန်းဆင်းဇုန်အထက် တစ်မှတ်အကွာ၊ အဆင့် ၁၇ နေရာသို့ရောက်နေသဖြင့် ဒီဇင်ဘာ ၂၂ တွင် နည်းပြ အလန်ပါဂျူး ရာထူးမှထုတ်ခံခဲ့ရသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly