မောင်တောခရိုင်အတွင်းရှိ အမျိုးသမီး ပညာရေးဝန်ထမ်းများနေရာတွင် အမျိုးသားများကို ခန့်အပ်မည်

မောင်တောခရိုင်အတွင်းရှိ အမျိုးသမီး ပညာရေးဝန်ထမ်းများနေရာတွင် အမျိုးသားများကို ခန့်အပ်မည်
ဓာတ်ပုံ - မောင်တောမြို့ အထက (၁) ပညာသင်ကျောင်းကို ၂၀၁၆ ခုနှစ် အောက်တိုဘာ (၁၈) နံနက် (၁၀) နာရီခွဲက တွေ့ရစဉ် (ဓာတ်ပုံ - မင်းမျိုးနွယ်/RiA)

စစ်တွေ၊ ဒီဇင်ဘာ ၂၂ ။              ။ မငြိမ်မသက်ဖြစ်နေသည့် ရခိုင်နယ်စပ် မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဒေသခံမဟုတ် သော အမျိုးသမီးပညာရေးဝန်ထမ်းများကို အခြားဒေသသို့ ပြောင်းရွေ့ပြီး လစ်လပ်နေရာ ၃၀၀ ဝန်းကျင်အ တွက် အမျိုးသားများသာ ခန့်အပ်သွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

“ ဒေသအခြေအနေအရ မောင်တောခရိုင်အတွင်းမှာ တာဝန်ကျနေတဲ့ ဆရာမတွေကိုပဲ ပြောင်းရွှေ့ ခွင့်ပေးသွား မှာပါ။ ဒေသခံတွေနဲ့ ဆရာတွေကို မပေးပါဘူး။ လစ်လပ်တဲ့နေရာတွေမှာ ဒေသခံ ဘွဲ့ရထားတဲ့သူတွေကို ခန့် သွားမှာပါ။ နေ့စားလပေး ဆရာတွေခေါ်ယူထားပါတယ်” ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်နယ်စပ် မောင်တောခရိုင်ရှိ နယ်ခြားစောင့် ရဲဌာနချူပ်နှင့် ရဲစခန်းများစီး နင်းတိုက်ခိုက်ခံခဲ့ရပြီး လက်နက်အများအပြား လုယူခံခဲ့ရပြီးနောက် နယ်စပ်တလျှောက် မငြိမ်မသက်မှုများ ဖြစ် ပွားနေသဖြင့် လုံခြုံရေးအရ အမျိုးသမီး ပညာရေးဝန်ထမ်းများနေရာတွင် အမျိုးသားဝန်ထမ်းများဖြင့် ပြောင်းလဲ အစားထိုးရန် ပြည်ထောင်စု အစိုးရက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခွင့်ပေးရာတွင် မောင်တောခရိုင်အတွင်း မဟုတ်ဘဲ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ သုံးမြို့နယ်ကိုသာ ပြောင်းရွှေ့ခွင့်ပေးမည်ဖြစ်ကာ ပြောင်းရွှေ့မည့် ဆရာမများအနေဖြင့် အနည်းဆုံး နှစ်မြို့နယ်ထိရွေးချယ်ခွင့်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြောင်းရွှေ့လိုသည့် ဆရာမများ၏ သဘောဆန္ဒများကို ရခိုင်ပြည်နယ် ပညာရေးဌာနမှ စာရင်းကောက်ယူလျှက် ရှိပြီး အသက် ၃၅ နှစ်အောက် ဘွဲ့ရာများကို နေ့စားလပေးအဖြစ် စတင်ခန့်အပ်သွားမည်ဖြစ်ကာ လျှောက်ထား သူများအနေဖြင့် မည်သည့်နေရာမဆို တာဝန်ထမ်းဆောင်နိုင်သူဖြစ်ကာ ယင်းခရိုင်အတွင်း ငါးနှစ်ဆက်တိုက် တာဝန် ထမ်းဆောင်ပေးရန် စာချုပ်ချုပ်ဆိုပြီးခန့်အပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးအောင် ကျော်ထွန်းက ပြောသည်။

“အစားထိုးခန့်အပ်ဖို့ ခန့်မှန်းခြေအားဖြင့် ၃၀၀ ဝန်းကျင်လောက်တော့ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ အသစ်ခန့် အပ်မယ့် ဆရာတွေရဲ့ စာရင်းတွေကိုလည်း မကြာခင်ရက်ပိုင်းအတွင်းမှာ ထုတ်ပြန်တော့ မှာပါ။  ပြောင်းရွှေ့ မယ့် ဆရာမတွေကိုတော့ လျာထားတဲ့ သုံးမြို့နယ်ကို လွတ်လပ်စွာရွှေးချယ်ခွင့်ပြုထားပါတယ်”ဟု ဆိုသည်။

ထို့အပြင် မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသည့် ဆရာများနှင့် အသစ်ခန့်အပ်မည့် ဆရာ များအားလုံးကို ဒေသလိုအပ်ချက်အရ အရေးကြံုလာပါက ကိုယ်တိုင်ကာကွယ်မှုများ   ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် အခြားပညာရပ်များကိုပါ သင်တန်း ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံမှ သိရသည်။

မောင်တောခရိုင်တွင် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်နှစ်ခုသာရှိပြီး ဘူးသီးတောင်မြို့နယ်၌ မူလတန်းမှ အထက်တန်းအထိ အခြေခံပညာကျောင်း ၂၁၉ ကျောင်းနှင့် မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၈၃ ကျောင်းရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly