၂၀၁၆ အတွင်း လူမှုကွန်ယက်တွင်ပါ အအောင်မြင်ဆုံးအဖြစ် စီရော်နယ်ဒို ရပ်တည်

၂၀၁၆ အတွင်း လူမှုကွန်ယက်တွင်ပါ အအောင်မြင်ဆုံးအဖြစ် စီရော်နယ်ဒို ရပ်တည်

ဒီဇင်ဘာ ၂၃၊ မက်ဒရစ်။            ။ ၂၀၁၆ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလား၊ ယူရို ၂၀၁၆ ဖလား၊ ကလပ်ကမ္ဘာ့ဖလားများရရှိထားသော ရီးယဲလ်မက်ဒရစ်နှင့် ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒိုသည် လူမှုကွန်ယက် social media တွင်ပါ အအောင်မြင်ဆုံး king တစ်ယောက်အဖြစ် ရပ်တည်နေသည်။

ကလပ်၊ နိုင်ငံအသင်းတို့နှင့်အတူ အောင်မြင်မှုများရထားသော စီရော်နယ်ဒိုအတွက် နောက်ထပ် ဂုဏ်ယူစရာတစ်ခုတိုးပွားခဲ့ခြင်း ဖြစ်သည်။

အသက် ၃၁ နှစ်အရွယ်ကစားသမားသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကိုရရှိ ထားပြီး ပေါ်တူဂီအသင်းစောင့်ဆိုင်းခဲ့ရသည့် အဓိကဆုဖလားအဖြစ် ယူရို ၂၀၁၆ ဆုဖလားရရှိအောင်လည်း ကူညီပေးနိုင်ခဲ့ သည်။

ယင်းအပြင် အခြားသောနာမည်ကြီးအားကစားသမားများကိုပါကျော်ဖြတ်ပြီး ကမ္ဘာ့လူမှုကွန်ယက်တွင် စိတ်ဝင်စားမှုအခံရဆုံး အားကစားသမားဖြစ်လာခဲ့သည်။

စီရော်နယ်ဒိုသည် facebook တွင် အောင်မြင်သည့်အကြောင်းအရာသုံးခု၊ Instagram တွင် ငါးခု ဖန်တီးနိုင်ခဲ့သည်။ ယင်းအကြောင်းအရာများအတွက် လူမှုကွန်ယက်အသုံးပြုသူ ၃၄ သန်းခန့်က တုန့်ပြန်မှုများပြုလုပ်ခဲ့ကြသည်။

Facebook ပေါ်မှ အောင်မြင်သောအကြောင်းအရာသုံးခုမှာ ယူရို ၂၀၁၆ ဆုဖလားနှင့်ပုံ၊ သားဖြစ်သူနှင့် မွေးနေ့ပွဲ လုပ်နေသည့်ပုံ၊ ပေါ်တူဂီအသင်းနှင့် လေယာဉ်ပေါ်တွင် အောင်ပွဲခံနေပုံများဖြစ်သည်။

ဆုဖလားဓါတ်ပုံနှစ်ပုံ၊ ကားအသစ်နှင့်ပုံ၊ ဆုဖလားစင်မြင့်ထက်မှပုံ၊ ရုပ်ရှင်သရုပ်ဆောင် ဂျေဆင်စတက်သမ်နှင့် ရိုက်ထားသည့်ပုံ တို့မှာ အောင်မြင်သည့် Instagram posts များဖြစ်ခဲ့သည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှပေးအပ်သည့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballon d'Or) လည်းရှိထားသည့် စီရော်နယ်ဒို အတွက် ၂၀၁၆ ခုနှစ်မှာ ကစားသမားဘဝတစ်လျှောက်   အောင်မြင်မှုအရဆုံးနှင့် ရေပန်းအစားဆုံးဖြစ်ခဲ့သည့် နှစ်တစ်နှစ်လည်းဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly