ခရစ္စမတ်နေ့တွင် အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်တစ်ခု သြစတြေးလျရဲများ ကြိုတင်သိရှိတားဆီးနိုင်ခဲ့

ခရစ္စမတ်နေ့တွင် အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ်တစ်ခု သြစတြေးလျရဲများ ကြိုတင်သိရှိတားဆီးနိုင်ခဲ့

ဒီဇင်ဘာ ၂၃ ။            ။ လာမည့် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့၌ လုပ်ဆောင်ရန် စီစဉ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုကို သြစတြေးလျ အာဏာပိုင်များ ကြိုတင်ဟန့်တားလိုက်နိုင်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မဲလ်ဘုန်းမြို့အတွင်း စီးနင်းဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း အိုင်အက်စ်စရိုက်ဆန်ဆန် အကြမ်းဖက်မှုအစီအစဉ်ကို ပျက်ပြားစေခဲ့ခြင်းဖြစ်ကြောင်း ရဲများက ပြောသည်။

ယခု ဖမ်းမိထားသူများမှာ ယင်းနေ့ မဲလ်ဘုန်းမြို့ရှိ လူစည်ကားရာနေရာများကို ပစ်မှတ်ထားကာ ဖောက်ခွဲရေးပစ္စည်းများ၊ သေနတ်များ၊ ဓါးများဖြင့် တိုက်ခိုက်ရန် ကြံစည်ထားသူများဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဂရေဟမ် အက်ရှ်တန် က ပြောသည်။

" လွန်ခဲ့တဲ့သီတင်းနှစ်ပတ်လောက်တုန်းကတည်းက ကျွန်တော်တို့ ဒီသတင်းကို ရထားလို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ရပါတယ်၊ ခရစ်စမတ်နေ့မှာ သူတို့ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်ထားတယ်လို့ ကျွန်တော်တို့ သတင်းရခဲ့တာပါ" ဟု ၎င်းက ပြောသည်။

ယခုအခါ ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းအထိ ဖမ်းဆီးရမိထားသူများထဲတွင် အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပါ၀င်ကြောင်းနှင့် ငါးဦးကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

" ဒီလူတွေက သေချာပါတယ်၊ အိုင်အက်စ်လိုမျိုး အစွန်းရောက်သမားတွေအဖြစ် ယုံကြည်ရပါတယ်၊ သူတို့ကိုသာ အချိန်မီကျွန်တော်တို့ မတားဆီးလိုက်နိုင်ရန် သေချာပါတယ်၊ အဲဒီနေ့မှာ တိုက်ခိုက်မှုတစ်ခုခုဖြစ်တော့မှာပါ" ဟု  အက်ရှ်တန် ကပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly