ကာဘူးလ်ရှိ ပါလီမန်အဖွဲ့ဝင်၏ နေအိမ်သို့ တာလီဘန်အဖွဲ့ တိုက်ခိုက်ခဲ့မှုကြောင့် လူ ၈ဦး သေဆုံးခဲ့

ကာဘူးလ်ရှိ ပါလီမန်အဖွဲ့ဝင်၏ နေအိမ်သို့ တာလီဘန်အဖွဲ့ တိုက်ခိုက်ခဲ့မှုကြောင့် လူ ၈ဦး သေဆုံးခဲ့

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်ရှိ ပါလီမန်အဖွဲ့ဝင်၏   နေအိမ်သို့ တာလီဘန်အကြမ်းဖက်   သေနတ်သမားများက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး လူရှစ်ဦးကို ပစ်သတ်ခဲ့ပါသည်။

ထိုတိုက်ခိုက်မှုကြောင့် ပါလီမန်အဖွဲ့ဝင် Mir Wali နှင့် သူ၏ဇနီးအပါအဝင်စုစုပေါင်းလူ ၆ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲကပြောခဲ့ပါသည်။ သေဆုံးသွားခဲ့တဲ့သူတွေထဲမှာ သူတို့ဇနီးမောင်နှံရဲ့  မြေးနှစ်ဦးလည်း ပါ၀င်ခဲ့ပါသည်။

၁၀နာရီကြာဝန်းရံထားမှုအပြီးမှာလုံခြံုရေးတပ်ဖွဲ့ဝင်တွေဟာ သေနတ်သမားသုံးဦးကိုပစ်သတ်ခဲ့ပြီး ဓားစာခံ ၁၈ ဦးကို ဒီဇင်ဘာ ၂၂ ကြာသာပတေးနေ့အစောပိုင်းတွင် လွှတ်ပေးနိုင်ခဲ့ပါသည်။

တာလီဘန်တို့ကတော့ အဆိုပါတိုက်ခိုက်မှုကိုသူတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းပြောခဲ့ပါသည်။ ကာဘူးလ်မြို့ရှိ လုံခြံုရေးကတော့ ၂၀၁၆ခုနှစ်တစ်လျှောက်လုံး ဆိုးဆိုးရွားရွား ယိုယွင်းလာခဲ့ခြင်း   ဖြစ်ပါသည်။

ရဲများကတော့ တိုက်ခိုက်သူများဟာ သေနတ်များ၊ လက်လုပ်ဗုံးများဖြင့် ပါလီမန်အဖွဲ့ဝင်ဖြစ်သူရဲ့ခြံဝင်းထဲသို့ တရကြမ်းဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုပြောခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းတုန်းက စတင်ခဲ့ပြီး Tolo သတင်းဌာနရဲ့သတင်းပေးပို့ချက်အရ ပေါက်ကွဲစေနိုင်သောလက်နက်များဖြင့်ခြံဝင်းထဲသို့ အနည်းဆုံး တိုက်ခိုက်ရေးသမားတစ်ဦးက   ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly