သြစတြေးလျ ခရစ်ယာန်သာသနာပြုအဖွဲ့ရုံး၌ ကားပေါက်ကွဲမှုမှာ နိုင်ငံရေးလှုံဆော်မှု ရည်ရွယ်ချက်မရှိဟု ရဲများ ပြောကြား

သြစတြေးလျ ခရစ်ယာန်သာသနာပြုအဖွဲ့ရုံး၌ ကားပေါက်ကွဲမှုမှာ နိုင်ငံရေးလှုံဆော်မှု ရည်ရွယ်ချက်မရှိဟု ရဲများ ပြောကြား

ယောင်္ကျားတစ်ဦးဟာ ဓာတ်ငွေ့ဘူးများ အပြည့်ပါ၀င်သည့် သူ၏ဗင်ကားဖြင့် ကမ်ဘာရာမြို့ရှိ ခရစ်ယာန်သာသနာ ပြုဌာနချုပ်ရုံးထဲသို့ မောင်းဝင်ခဲ့ပါသည်။ သြစတြေးလျမြို့တော် နယ်မြေရဲစခန်းမှ ရဲများကတော့ အဆိုပါဖြစ်ရပ် ဟာ နိုင်ငံရေးအရ၊ဘာသာရေးအရ၊ သို့မဟုတ် သဘောတရားရေးရာအရ လှုံ့ဆော်မှုရည်ရွယ်ချက်မရှိကြောင်း ပြောကြားခဲ့ပါသည်။

အသက် ၃၅နှစ်အရွယ် ကားမောင်းသူဟာ သူ၏ကားပေါက်ကွဲမှုကြောင့် ပြင်းပြင်းထန်ထန်မီးလောင်ဒဏ်ရာရရှိခဲ့ ပြီး အဆိုပါပေါက်ကွဲမှုကြောင့် လူမရှိသည့်ရုံးခန်းလည်း ပျက်စီးခဲ့ပါသည်။

အဆိုပါဖြစ်ရပ်ဟာ ပြီးခဲ့သောဗုဒ္ဓဟူးနေ့ည ဒေသစံတော်ချိန်ကိုးနာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီးအဆိုပါယောင်္ကျား ကိုတော့ ကမ်ဘာရာဆေးရုံသို့ ဆေးကုသရန်ခေါ်ဆောင်သွားခဲ့ပါသည်။

ရဲများကတော့ အဆိုပါယောင်္ကျားဟာ ဓာတ်ငွေ့ဘူးများကိုကားအင်ဂျင်မီးနှင့်အတူ ရှို့ခဲ့ပုံပေါက်ကြောင်းပြောခဲ့ပါ သည်။ သို့သော်လည်း ထိုယောင်္ကျားနှင့်ဆေးရုံ၌ စကားအကြမ်းဖျင်းပြောခဲ့ပြီးနောက် ထိုဖြစ်ရပ်မှာနိုင်ငံရေးလှု့ံ ဆော်မှုကြောင့်လုပ်ဆောင်သည်ဟု ထည့်မတွက်တော့ကြောင်းသိရပါသည်။ ထိုသူကတော့ လက်ရှိတွင်အတိမ်း အစောင်းမခံသောအခြေအနေမှာရှိနေပါသည်။

“ ဒီဖြစ်ရပ်ရဲ့ရလာဒ်ဟာ ကျနော်တို့ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ခြိမ်းခြောက်မှုတစ်စုံတစ်ရာရှိမယ်လို့ ကျနော်တို့မယုံကြည်ပါဘူး” လို့ ရဲအရာရှိကြီးဖြစ်သူ မာ့ခ်ဝေါလ်တာစ် ကပြောခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags