အန်တိုနီယိုဗလင်စီယာ မန်ယူအသင်းနှင့် နှစ်နှစ်စာချုပ်သစ်ချုပ်

အန်တိုနီယိုဗလင်စီယာ မန်ယူအသင်းနှင့် နှစ်နှစ်စာချုပ်သစ်ချုပ်

ဒီဇင်ဘာ ၂၂၊ မန်ချက်စတာ။                   ။ နည်းပြမော်ရင်ဟို၏ထောက်ခံမှုကိုရခဲ့သည့် အန်တိုနီယိုဗလင်စီယာသည် မန်ယူအသင်းနှင့် နှစ်နှစ်စာချုပ်သစ်ချုပ်လိုက်ပြီ ဖြစ်သည်။

အီကွေဒေါကြယ်ပွင့်ဗလင်စီယာသည် ညာနောက်ခံနေရာအတွက် မော်ရင်ဟိုကစားသမားသစ်ခေါ်စရာမလိုအောင် ခြေစွမ်းပြနေ သည်။

သို့ဖြစ်ရာဗလင်စီယာသည် မန်ယူအသင်းနှင့် ၂၀၁၈ ဇွန်လအထိ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ ဗလင်စီယာအနေဖြင့် အသင်း၏ပေါ်လစီအရ တစ်နှစ်သာစာချုပ်သစ်ချုပ်ဆိုမည်ကိုလည်း စိုးရိမ်ခဲ့ရသေးသည်။

မော်ရင်ဟိုသည် မန်ယူအသင်းကိုတာဝန်ယူပြီးနောက် ဗလင်စီယာကိုတောင်ပံတစ်လျှောက်ပြေးလွှားကစားရသည့်နေရာပေးခဲ့ပြီး ဗလင်စီယာမှာ ပုံမှန်နေရာရရှိခဲ့သည်။

ဗလင်စီယာကို အသင်း၏အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် မန်ယူပရိသတ်များကလည်း အသိအမှတ်ပြုထားကြသည်။ အသက် ၃၁ နှစ်အရွယ်ကစားသမားသည် ၂၀၀၉ တွင် ဝီဂန်မှပြောင်းလာခဲ့သူဖြစ်သည်။

မန်ယူအသင်းတွင်ခုနစ်နှစ်တာကာလအတွင်း ပွဲပေါင်း ၂၀၀ ကျော်ကစားထားသည်။ ယင်းကာလအတွင်း ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်ရခဲ့ပြီး အက်ဖ်အေနှင့် လိဂ်ဖလားလည်းရခဲ့သည်။ နိုင်ငံအသင်းအတွက် ၈၇ ပွဲကစား ၁၀ ဂိုးသွင်းထားသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly