ကင်မရာနှစ်လုံးပါသည့် Huawei (GR5 2017) မိတ်ဆက်

ကင်မရာနှစ်လုံးပါသည့် Huawei (GR5 2017) မိတ်ဆက်
ဓာတ်ပုံ Huawei

ကင်မရာနှစ်လုံးပါသည့် တန်ဖိုးအသင့်ဆုံး စမတ်ဖုန်း (Best Value Dual Camera Smartphone) GR5 2017 ကို Huawei က ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်သည်။

GR5 2017 ကို မီဒီယာများနှင့် မိတ်ဆက်ပွဲအား L’Opera စားသောက်ဆိုင်တွင် ဒီဇင်ဘာ ၂၁ရက်က ကျင်းပခဲ့သည်။

Huawei က ၎င်း၏ ကမ္ဘာ့နာမည်ကျော် ကင်မရာကုမ္ပဏီ Leica နှင့်ပူးပေါင်းထားသည့် ကင်မရာနှစ်လုံးပါသည့် အဆင့်မြင့်စမတ်ဖုန်း Huawei P9 ကို ဧပြီလကမိတ်ဆက်ခဲ့ကာ ကမ္ဘာကျော် Apple အမှတ်တံဆိပ် iPhone မှလည်း ၎င်း၏ ကင်မရာနှစ်လုံးပါဝင်သည့် iPhone 7Plus ကို စက်တင်ဘာလက မိတ်ဆက်ခဲ့သည်။

Huawei GR5 2017 သည် တန်ဖိုးသင့်တင့်သော်လည်း အဆင့်မြင့်စမတ်ဖုန်းများတွင် ပါဝင်သော လုပ်ဆောင်ချက်များနှင့် တန်ဖိုးအသင့်ဆုံးကင်မရာနှစ်လုံးပါ စမတ်ဖုန်းဖြစ်သည်ဟု Huawei က ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags