အာစင်ဝင်းဂါးကို ပီအက်စ်ဂျီအသင်း ထပ်မံစိတ်ဝင်စား

အာစင်ဝင်းဂါးကို ပီအက်စ်ဂျီအသင်း ထပ်မံစိတ်ဝင်စား

ဒီဇင်ဘာ ၂၂၊ ပဲရစ်။               ။ ပီအက်စ်ဂျီအသင်းသည် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကိုခေါ်ယူနိုင်ရန် ထပ်မံပြင်ဆင်နေပြီဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ အောင်မြင်စွာခေါ်ယူနိုင်မည်ဟုလည်း ယုံကြည်နေသည်။

အသက် ၆၇ နှစ်ရှိ အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းတွင်သစ္စာရှိစွာဆက်နေသည့်အနေဖြင့် ပီအက်စ်ဂျီအသင်းထံမှ ငါးနှစ်အတွင်းနှစ်ကြိမ်ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်။

သို့သော် ၎င်း၏စာချုပ်မှာလာမည့်နွေရာသီတွင်ကုန်ဆုံးမည်ဖြစ်ပြီး ပီအက်စ်ဂျီအသင်းပိုင်ရှင်သူဋ္ဌေးများက ဘောလုံးလောက သက်တမ်းရှည်နည်းပြကြီးအနေဖြင့် ၎င်းတို့၏နောက်တစ်ကြိမ်ကမ်းလှမ်းမှုကို လက်ခံလိမ့်မည်ဟု ယုံကြည်နေကြသည်။

ပီအက်စ်ဂျီအသင်းကနှစ်ကြိမ်ကမ်းလှမ်းဖူးကြောင်းကို စက်တင်ဘာလအတွင်း ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲတွင် ပီအက်စ်ဂျီ အသင်းနှင့်ရင်ဆိုင်ရစဉ် အာစင်ဝင်းဂါးက အတည်ပြုခဲ့သည်။

“ရှိတ်ဘင်ခါလီဖာကို ဟိုးအရင်အတော်ကြာကြာကတည်းက ကျွန်တော်သိပေမယ့် အာဆင်နယ်အသင်းအပေါ်မှာပဲ အမြဲသစ္စာရှိ ခဲ့ပါတယ်။

ပဲရစ်ဆိုတာ ကျွန်တော်ချစ်တဲ့နိုင်ငံက ကျွန်တော်ချစ်တဲ့မြို့ဖြစ်ပေမယ့် ကျွန်တော်အင်္ဂလန်မှာပဲ တစ်ချိန်လုံးနေခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဆင်နယ်အသင်းဟာ ကျွန်တော်ကြိုက်တဲ့အရည်အသွေးတွေရှိနေလို့ပါ”ဟု အာစင်ဝင်းဂါးက ပြောသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly