မောင်တောဒေသရှိ ရွာအချို့တွင် အငြင်းပွားဖွယ်ရာတွေ ဆက်လက်ရှိနေ

မောင်တောဒေသရှိ ရွာအချို့တွင် အငြင်းပွားဖွယ်ရာတွေ ဆက်လက်ရှိနေ
မောင်တောဒေသ ပြောင်ပိုက်ရွာရှိ မီးလောင်ထားသည့် နေရာ တစ်နေရာ (ဓာတ်ပုံ-မဇ္ဈိမ)

ဒီဇင်ဘာ ၂၁၊ မောင်တော ။                    ။ ရခိုင်ပြည်နယ် မောင်တောဒေသရှိ ရွာအချို့တွင် အငြင်းပွားဖွယ်ရာကိစ္စတွေ ဆက်လက်ရှိနေကြောင်း ယနေ့ တွေ့ရသည်ဟု သတင်းလိုက်ပါရယူသော မဇ္ဈိမသတင်းဌာနမှ သတင်းပေးပို့သည်။ မောင်တောမြောက်ပိုင်းရှိ ကျေးရွာများအနက် ၀ါးဘိတ်ရွာ၊ ပြောင်ပိုက်၊ ငါးခူရ ရွာများသို့ သွားရောက်ခဲ့ရာတွင် ယင်းသို့ အငြင်းပွားဖွယ်ရာများ   တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံ အချို့က ပြောကြားမှုများရှိခဲ့ပြီး ကျေးရွာစုအုပ်ချုပ်ရေးမှူးမှ ဟုတ်မှန်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ ထို့ပြင် ပြောင်ပိုက်ရွာမှ အမျိုးသမီးတစ်ချို့ အဓမ္မပြုကျင့်ခံရသည်ဟု ပြောကြားမှု အပေါ်တွင်လည်း လေးရွာစု အုပ်ချုပ်ရေးမှူး (ပြောင်ပိုက်ရွာအပါအဝင်) ဦးမာမွတ်ဆော်လိန်က ဖြစ်ပွားခဲ့ခြင်းမရှိဟု မီဒီယာများရှေ့မှောက်တွင်   နှစ်ဦးနှစ်ဖက်က   ပြောဆိုသည်။

အလားတူ လူနေအိမ်များကို မီးရှို့ခဲ့သည်၊ ဟေဒသခံ ရွာသားအချို့က ပြောကြားခဲ့ပြီး အဆိုပါဖြစ်စဉ်များအား ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ငြင်းဆိုသည်။

မီဒီယာအဖွဲ့မှ မောင်တောမြောက်ပိုင်းရွာများသို့ သွားရောက်ခဲ့ပြီး တိုက်ခိုက်ခံရသည့် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ဌာနချုပ် (ကျီးကန်းပြင်)သို့ ယနေ့သွားရောက်ကြည့်ရှုခဲ့ကြပြီး အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးတွင် ရဲမှူးချုပ် သူရစန်းလွင်က အဆိုပါ မီးရှို့မှုဟုတ်မှန်ခြင်းမရှိကြောင်း မေးမြန်းမှုများအား ဖြေကြားခဲ့သည်။ ရဲမှူးချုပ် သူရစန်းလွင်က လက်ရှိတွင် ရဲစခန်းတိုက်ခိုက်ခံရမှုမှ လက်နက် ၂၆ လက် ပြန်ရပြီဖြစ်ပြီး ၃၉ လက် ပျောက်ဆုံးနေသေးကြောင်း၊ ဖြစ်စဉ်အတွင်း ပါ၀င်သူ လူ ၈၂ယောက်အား တရားစွဲဆိုထားသည်ဟု ယနေ့ပြောသည်။ ပုဒ်မ ၁၇/၁ ကဲ့သို့ တရားမဝင်အဖွဲ့အစည်းမှာ ပါ၀င်ခြင်း ပုဒ်မများပါ၀င်သည်ဟု ဆိုသည်။ ၀ါးဘိတ်ရွာ၊ ကျီးကန်ပြင်(အလယ်ရွာ)နှစ်ရွာတွင် တိမ်းရှောင်သွားသော ရွာသူရွာသားများ ပြန်နေခြင်းမရှိသေးဟု သိရသည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် မီဒီယာအဖွဲ့မှ မောင်တောဒေသတောင်ပိုင်းနှင့် စစ်တွေမြို့သို့ သွားရောက်မည် ဖြစ်သည်။ အောက်တိုဘာ ၉ ရက် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးချုပ်၊ကျီးကန်းပြင် တိုက်ခိုက်ခံရမှုအပြီး အငြင်းပွားဖွယ်ရာများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းနယ်မြေသည် ပုဒ်မ ၁၄၄ ထုတ်ပြန်နယ်မြေအဖြစ် လက်ရှိတွင် သတ်မှတ်ထားပြီးသည်။ တပ်မတော်အနေဖြင့် အဆိုပါဒေသတွင် စစ်ကြောင်းချီ ဆောင်ရွက်နေမှုများရှိနေကြောင်း တွေ့ရသည်။

ဆက်စပ်သတင်းများ- http://www.mizzimaburmese.com/article/21472

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly