မန်ယူအသင်းတွင် နှစ်ရှည်ဆက်ရှိရန် နည်းပြမော်ရင်ဟို ဆန္ဒရှိနေ

မန်ယူအသင်းတွင် နှစ်ရှည်ဆက်ရှိရန် နည်းပြမော်ရင်ဟို ဆန္ဒရှိနေ

ဒီဇင်ဘာ ၂၂၊ မန်ချက်စတာ။             ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုသည် အိုးထရက်ဖို့ဒ်တွင် နေရသည့်အချိန်များကို နှစ်သက်သောကြောင့် သုံးနှစ်စာချုပ်ထက် ကျော်လွန်ပြီး ဆက်နေရန် ဆန္ဒရှိနေသည်။

အသက် ၅၃ နှစ်အရွယ် မော်ရင်ဟိုသည် ဇူလိုင်လတွင် အသင်းသို့ရောက်လာပြီး ယူနိုက်တက်မှာ ပရီးမီးယားလိဂ် ၁၇ ပွဲကစား အဆင့် ၆ နေရာတွင်ရပ်တည်နေသည်။

ပေါ်တူဂီလူမျိုးနည်းပြက ဟိုတယ်တွင်နေရသည်မှာအဆင်မပြေဟု အောက်တိုဘာတွင်ပြောခဲ့ပြီး ယူနိုက်တက်မှာ မကြာသေးခင် ကတိုးတက်လာသည့်ခြေစွမ်းမရခင် ရုန်းကန်ခဲ့ရသည်။

“တစ်နေ့မှာ သူတို့ကျွန်တော့်ကိုစာချုပ်သစ်ကမ်းလှမ်းလာမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်လက်မှတ်ထိုးသွားမှာပါ” ဟု မော်ရင်ဟိုက ဆိုသည်။

တရုတ်၏ငွေကြေးသုံးစွဲမှုမှာလူတိုင်းအတွက်ဆွဲဆောင်နေသည်ဟု ဝန်ခံခဲ့သော်လည်း တရုတ်သို့ပြောင်းရွှေ့မည်မဟုတ်ဟုလည်း မော်ရင်ဟိုက ပြောသည်။

“အောင်ပွဲရဖို့ အခက်ခဲဆုံးနေရာမှာပဲ နေချင်ပါတယ်။ တရုတ်လိုနေရာမျိုးကိုပြောင်းဖို့က သိပ်ငယ်သေးသလို ဘောလုံးလောက မှာ နှစ်အများကြီးကျင်လည်ဖို့လည်း လိုပါသေးတယ်။

တရုတ်ရဲ့ငွေသုံးစွဲမှုက လူတိုင်းကိုဆွဲဆောင်နိုင်ပေမယ့် အမြင့်ဆုံးအဆင့်ဘောလုံးလောကကိုပဲ ကျွန်တော်ချစ်ပါတယ်”ဟု မော်ရင်ဟိုက ဆိုခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly