စံချိန်တင်စစ်အသုံးစရိတ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရ အတည်ပြု

စံချိန်တင်စစ်အသုံးစရိတ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရ အတည်ပြု

တိုကျို၊ ဒီဇင်ဘာ ၂၂ ။                 ။ အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်၏ စစ်ရေးစွမ်းရည် ကြီးထွားလာမှုနှင့် မြောက်ကိုရီးယား၏ ဖျက်အားပြင်းဒုံးကျည်များ ခြိမ်းခြောက်မှု အရှိန်မြင့်တက်လာမှုများအား တန်ပြန်ရန် ဂျပန်နိုင်ငံ စစ်အသုံးစရိတ်ကို စံချိန်တင် တိုးမြှင့်ကာ ဝန်ကြီးချုပ်ရှင်ဇိုအာဘေး အစိုးရက ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုသည်။

ဧပြီ ၁ ရက်မှ စပြီး ယခုနှစ်အတွက် စစ်အသုံးစရိတ်ကို ၁ ဒဿမ ၄ ရာခိုင်နှုန်း တိုးမြှင့်ကာ ယန်း ၅ ဒဿမ ၁၃ ထရီယံ (အမေရိကန်ဒေါ်လာ ၄၃ ဒဿမ ၆၆ ဘီလီယံ)ထိ သုံးစွဲရန် အာဘေး၏ ကက်ဘိနက်က လက်မှတ်ထိုး အတည်ပြုသည်။

အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ထိန်းချုပ်ရာ လွှတ်တော်အတွင်း လွှတ်တော်အမတ်များက အဆိုပါ အစိုးရ၏ အတည်ပြုချက်အား လက်ခံအတည်ပြုပါက ဂျပန်နိုင်ငံ၏ စစ်အသုံးစရိတ် ငါးကြိမ်မြောက် ဆက်တိုက်တိုးမြှင့်ခြင်း ဖြစ်မည်။

အာဘေးလက်ထက်တွင် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့က အရှေ့တရုတ်ပင်လယ် တောင်ဖက်စွန်း တစ်လျှောက် မိုင် ၈၇၀ တွင် ကင်းလှည့်မှုများ ဆောင်ရွက်လျက်ရှိသည်။

ဂျပန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ ဖျက်အားပြင်းဒုံးကျည်စီမံကိန်းများကို တန်ပြန်မှုအနေဖြင့် ဖျက်အားပြင်းဒုံးကျည်ကာကွယ်ရေးအား အဆင့်မြှင့်တင်မှုတွင် ပိုမိုအသုံးစရိတ် စိုက်ထုတ်လျက်လည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly