ဘာလင်အကြမ်းဖက် တိုက်ခိုက်မှုတွင် တစ်ဦးတည်းသော သံသယရှိသူကို လွှတ်ပေးအပြီး၌ တိုက်ခိုက်သူအား အပူတပြင်းရှာဖွေ

ဘာလင်အကြမ်းဖက် တိုက်ခိုက်မှုတွင် တစ်ဦးတည်းသော သံသယရှိသူကို လွှတ်ပေးအပြီး၌ တိုက်ခိုက်သူအား အပူတပြင်းရှာဖွေ

 ဒီဇင်ဘာ ၂၁ ။          ။ လူပေါင်း ၁၂ ဦးကို သေဆုံးစေခဲ့သော ဘာလင်မြို့လယ်ခေါင်ရှိ စျေးထဲသို့ လော်ရီကားဖြင့် အရှိန်နှင့်ဝင်ရောက် တိုက်ခိုက်မှုအတွက် ပြစ်မှုကျူးလွန်သူ တရားခံကို ဂျာမန်ရဲများက အပူတပြင်း ရှာဖွေနေကြပါသည်။

ပြီးခဲ့သောအင်္ဂါနေ့က ဖမ်းဆီးထားခဲ့တဲ့ တစ်ဦးတည်းသော သံသယရှိသူကို ရဲများက ထိုသူဟာ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပက်သက်ခဲ့ကြောင်း သက်သေထောက်အထား မပြနိုင်ခဲ့သည့်အတွက် လွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရဲများက တစ်ဦးထက်ပိုသော သံသယရှိသူတို့ဟာ ယခုဆိုလျင် ထွက်ပြေးတိမ်းရှောင်နေပြီး လက်နက်များလည်း ကိုင်ဆောင်ထားနိုင်ကြောင်း ပြောကြားခဲ့ကာ ဂျာမနီ မြို့တော်အတွင်း၌ လုံခြံုရေး အရှိန်အဟုန်မြှင့် တင်ထားကြောင်းသိရပါသည်။

အစ္စလာမ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ အိုင်အက်စ်တို့ကတော့ အဆိုပါ တိုက်ခိုက်မှုကို သူတို့ရဲ့ တိုက်ခိုက်ရေးသမားက ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် သက်သေတော့ ပြသခဲ့ခြင်း မရှိကြောင်း သိရပါသည်။ နဂိုက သံသယရှိခဲ့သူ ပါကစ္စတန်အမျိုးသား Naved B ကတော့ သူဟာ အဆိုပါတိုက်ခိုက်မှုနှင့် ဘယ်လိုမှ ပက်သက်မှုမရှိခဲ့ကြောင်း ငြင်းဆိုခဲ့ပါသည်။ ရဲများက သူဟာ အဆိုပါလော်ရီကားနှင့် ပက်သက်နေသည်ဆိုသည့်မှုခင်း ဆိုင်ရာသဲလွန်စများ ပြသနိုင်ခဲ့ခြင်း မရှိသလို ဖမ်းဆီးမိပြီး မကြာခင်မှာ သူ့ကိုသံသယဝင်မိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags