အမေရိကန်ရေပြင်အတွင်း ရေနံလုပ်ကွက်သစ်များတူးဖော်မှု သမ္မတ အိုဘားမား ပိတ်ပင်

အမေရိကန်ရေပြင်အတွင်း ရေနံလုပ်ကွက်သစ်များတူးဖော်မှု သမ္မတ အိုဘားမား ပိတ်ပင်

ဒီဇင်ဘာ ၂၁ ။             ။ အတ္တလန္တိတ်နှင့် အာတိတ်သမုဒ္ဓရာတွင်းရှိ နိုင်ငံပိုင်ရေပြင်အတွင်း နောက်ထပ် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်မှုများအပေါ် ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ထုတ်ပြန်သွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုပိတ်ပင်ချက်အရ အတ္တလန္တိတ်ပင်လယ်ပြင်တွင်းနှင့် အလာစကာကမ်းလွန် ရေပြင်ရှိ အကျယ်အဝန်းဧကပေါင်း သန်း ၁၂၀ နီးပါးထိ အကျုံးဝင်မည်ဖြစ်ကြေင်း သိရသည်။

အိုဘားမား၏ ယခုထုတ်ပြန်ချက်အတိုင်း ကနေဒါ၀န်ကြီးချုပ် ဂျက်စတင်ထရူဒီကလည်း အာတိတ်သမုဒ္ဓရာတွင်းရှိ ၎င်းနိုင်ငံပိုင်  ရေပြင်အတွင်း ပိတ်ပင်ချက်တစ်ခုထုတ်ပြန်ထားသည်ဟုလည်း သိရသည်။

သို့သော် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကမူ ၎င်း၏ လက်ထက်၌ ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့တူးဖော်မှု လုပ်ငန်းများကို ချဲ့ထွင်လုပ်ကိုင်မည်ဟု ပြောကြားထားသူဖြစ်သည်။

ယခု ထုတ်ပြန်ချက်နှင့်စပ်လျင်း၍ အိုဘားမားအား စက်မှုလုပ်ငန်းတာဝန်ရှိသူများက ပြစ်တင်မှုများလည်း ရှိခဲ့ကြောင်းသိရသည်။

" ကိုယ့်နိုင်ငံကို ကမ္ဘာ့ဦးဆောင်စွမ်းအင်နိုင်ငံအဖြစ် တည်ဆောက်ရမယ့်အစား အရင်ဆယ်စုနှစ်တွေကအတိုင်း စွမ်းအင်ပိုင်းမှာ ပြည်ပကိုမှီခိုရတဲ့အဖြစ်ကို ပြန်ရောက်အောင် လုပ်နေပြန်ပါပြီ" ဟု လွတ်လပ်သည့် အမေရိကန်ရေနံအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော Dan Naatz က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly