အယူခံပယ်ချခံရသဖြင့် လက်စတာတိုက်စစ်မှူးဗာဒီ သုံးပွဲပယ်ခံရမည်

အယူခံပယ်ချခံရသဖြင့် လက်စတာတိုက်စစ်မှူးဗာဒီ သုံးပွဲပယ်ခံရမည်

ဒီဇင်ဘာ ၂၁၊ လက်စတာ။           ။ လက်စတာတိုက်စစ်မှူး ဗာဒီသည် စနေနေ့ကစတုခ်နှင့် နှစ်ဂိုးစီသရေကျသောပွဲမှ အနီကတ်ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ရာ ရှုံးနိမ့်ခဲ့သဖြင့် သုံးပွဲပယ်ခံရတော့မည်ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ကစားသမား၏ အယူခံကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ခြင်းဖြစ်ရာ အဲဗာတန်၊ ဝက်စ်ဟမ်းနှင့် မစ်ဒယ်ဘရော့ပွဲများကို လွဲရတော့မည်ဖြစ်သည်။

အင်္ဂလန်တိုက်စစ်မှူးသည် ပွဲချိန် ၂၈ မိနစ်တွင် စတုခ်မှဒီအော့ဖ်ကို ဖျတ်ထုတ်ခဲ့သောကြောင့် ကွင်းလယ်ဒိုင် ခရိတ်ပေါ်ဆင်၏ အနီကတ်ပြထုတ်ပယ်ခြင်းကိုခံခဲ့ရသည်။

ဗာဒီသည် ခြေစုံပစ်ဝင်ဖျတ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးကိုဦးခဲ့သော်လည်း ဒီအော့ဖ်၏ ညှို့သကျည်းကို ထိခိုက်မိခဲ့သည်။

ပွဲအပြီးတွင် လက်စတာနည်းပြရေနီယာရီက “သူက ဘောလုံးကိုပဲဦးတည်ခဲ့တာဖြစ်ပြီး ဘောလုံးလဲရခဲ့ပါတယ်။ ပြစ်ဒဏ်ကျူးလွန် ခဲ့တာ မဟုတ်ပါဘူး။ ဘောလုံးကိုထိခဲ့ပါတယ်။ အဝါကတ်လောက်ပဲဖြစ်သင့်ခဲ့တာပါ”ဟု ပြောဆိုခဲ့သည်။

ဗာဒီသည် ပွဲတော်ကာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲကိုလွဲမည်ဖြစ်ပြီး ဇန်နဝါရီ ရ တွင် အဲဗာတန်နှင့်ကစားမည့် အက်ဖ်အေဖလား တတိယအဆင့်တွင်မူ ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly