ဘာလင်က လော်ရီကားဖြင့် တိုက်ခိုက်မှုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ပြော

ဘာလင်က လော်ရီကားဖြင့် တိုက်ခိုက်မှုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့ပြော

ဘာလင်၊ ဒီဇင်ဘာ ၂၁ ။              ။ ဂျာမနီနိုင်ငံ ဘာလင်ခရစ္စမတ်စျေးတွင် လော်ရီကားဖြင့် ၀င်တိုက်၍ လူ ၁၂ ဦး သေဆုံးမှုကို ၎င်းတို့၏ စစ်သားများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က အတည်ပြုပြောသည်။

အဆိုပါ တိုက်ခိုက်မှု ကျုးလွန်သူ မည်သူမည်ဝါဖြစ်ကြောင်း မထုတ်ပြန်သေးသလို အိုင်အက်စ်၏ ပြောကြားချက်ကိုလည်း လတ်တလောအတည်ပြုနိုင်သေးခြင်း မရှိပေ။

သက်သေလုံလောက်မှု မရှိသေး၍ တိုက်ခိုက်မှု ကျုးလွန်သူအား မဖမ်းနိုင်သေးကြောင်း တာဝန်ရှိသူများက ပြောသည်။ မီဒီယာများတွင်မူ တိုက်ခိုက်သူသည် ပါကစ္စတန်နိုင်ငံသားဖြစ်ကြောင်း ဖော်ပြကြသည်။

တိုက်ခိုက်သူက တစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုနိုင်ပြီး ထွက်ပြေးနေဖွယ် ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။

အိုင်အက်စ်တို့ကမူ ၎င်းတို့၏ သတင်းအေဂျင်စီ၌ မဟာမိတ်ညွန့်ပေါင်းနိုင်ငံများမှ နိုင်ငံသားများကို လက်တုံ့ပြန် တိုက်ခိုက်မှုအဖြစ် ၎င်းတို့၏ စစ်သားတစ်ဦးက ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း  ပြောသည်။

ထိုသို့ ကားဖြင့် တိုက်ခိုက်မှုတွင် ဒဏ်ရာရသူက ၄၉ ဦးရှိသည်။ အိုင်အက်စ်တို့၏ အတည်ပြုပြောဆိုမှုအား အလေးအနက်ထားကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဂျာမနီ   ပြည်ထဲရေးဝန်ကြီး သောမတ်စ်ဒီမေဇိုင်ရီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly