တာလီဘန်များ၏ ဓားစာခံ စုံတွဲက ဖမ်းဆီးခံရချိန် မွေးဖွားသည့် ကလေးနှစ်ဦးနှင့်အတူ အိုဘားမားနှင့် ဒေါ်နယ်ထရမ့်တို့ထံ အသနားခံနေသည့် ဗီဒီယိုထွက်ပေါ်

တာလီဘန်များ၏ ဓားစာခံ စုံတွဲက ဖမ်းဆီးခံရချိန် မွေးဖွားသည့် ကလေးနှစ်ဦးနှင့်အတူ အိုဘားမားနှင့် ဒေါ်နယ်ထရမ့်တို့ထံ အသနားခံနေသည့် ဗီဒီယိုထွက်ပေါ်

ကဘူးလ်၊ ဒီဇင်ဘာ ၂၀ ။                    ။ တာလီဘန်များ၏ ဖမ်းဆီးခြင်း ခံထားရသော အမေရိကန် - ကနေဒါ စုံတွဲသည် အဖမ်းခံထားရချိန်အတွင်းမှာပင် မွေးဖွားသော ကလေးနှစ်ဦးနှင့်အတူ ၎င်းတို့ လွတ်မြောက်ရေးအတွက် အမေရိကန်သမ္မတ အိုဘားမားနှင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့ထံ အသနားခံနေသည့် ဗီဒီယို ထွက်ပေါ်လာသည်။

ကနေဒါနိုင်ငံသား ဂျိုရှောဘွိုင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ အမေရိကန်နိုင်ငံသူ ကိုးလ်မန်းတို့သည် ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန်တွင် အလည်အပတ် ခရီးထွက်စဉ်က  ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရခြင်း   ဖြစ်သည်။

ထွက်ပေါ်လာသည့် လေးမိနစ်စာ ဗီဒီယိုဖိုင်တွင် ၎င်းတို့ စုံတွဲက သားငယ်လေးနှစ်ဦးကို ပေါင်ပေါ်တင်လျက် ပြောဆိုအသနားခံနေမှုကို မြင်တွေ့ရသည်။

“ကျွန်မတို့ ၂၀၁၂ ခုနှစ်ကတည်းက စောင့်စားနေခဲ့ရတာပါ။ ကျွန်မတို့ရဲ့ ဒုက္ခတွေကို နားလည်ပေးလာမှာကို စောင့်မျှော်နေခဲ့တာဖြစ်ပါတယ်။”ဟု အိုဘားမားနှင့် ထရမ့်တို့ထံ ၎င်းတို့ မိသားစု လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံ တောင်းပန်လျက် ကိုးလ်မန်းက ပြောဆိုထားသည်။

ထိုသို့ ကိုးလ်မန်းက ပြောဆိုနေသော်လည်း ၎င်းအား နုတ်တိုက်ချထားပေးသည်ကို ရွတ်ဖတ်ပြနေရခြင်း ဖြစ်မည်လား ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိမြင်ရပေ။ အဆိုပါ ဗီဒီယိုကို ဒီဇင်ဘာ ၃ ရက်က ရိုက်ကူးထားခြင်းဖြစ်ကြောင်း ကိုးလ်မန်းက သိစေသည်။

၎င်းတို့ စုံတွဲကို သြဂုတ်လအတွင်းက ဗီဒီယိုထုတ်ပြန်မှု တစ်ရပ်၌ နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ထိုဗီဒီယိုတွင်မူ ကလေးငယ်များ မပါရှိပေ။

အဆိုပါ ဗီဒီယိုတွင် ၎င်းတို့စုံတွဲက ဖမ်းဆီးမိသည့် သောင်းကျန်းသူများကို သတ်ဖြတ်နေခြင်းများ အာဖဂန်နစ္စတန်အစိုးရ မလုပ်ဖြစ်အောင် ဖိအားပေး ပေးဖို့ ၎င်းတို့၏ အစိုးရအား တိုက်တွန်းပြောဆိုထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags