ပျောက်ဆုံးနေခဲ့သော မလေးရှားလေယာဉ် MH370 ရှာပုံတော် ဆက်ဖွင့်ဖို့ ကျွမ်းကျင်ပညာရှင်တွေ တိုက်တွန်း

ပျောက်ဆုံးနေခဲ့သော မလေးရှားလေယာဉ် MH370 ရှာပုံတော် ဆက်ဖွင့်ဖို့ ကျွမ်းကျင်ပညာရှင်တွေ တိုက်တွန်း

ဒီဇင်ဘာ ၂၀ ။                      ။ ၂၀၁၄ ခုနှစ် မတ်လကတည်းက ထူးဆန်းစွာပျောက်ဆုံးနေခဲ့သော မလေးရှားလေကြောင်းလိုင်းမှ လေယာဉ်အမှတ် MH370 ရှာဖွေမှုလုပ်ငန်းများကို ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ယင်းကိစ္စရပ်ကို ဦးဆောင်လုပ်ကိုင်နေသည့် ပညာရှင်များက အကြံပြုပြောကြားသွားသည်။

လေယာဉ်ပျောက် ရှာပုံတော်ဖွင့်မှုကို နှစ်နဲ့ချီကာလုပ်ဆောင်လာခဲ့သော်လည်း ယခုထက်ထိ ကြိုးပမ်းမှုများ လက်တွေ့အကောင်အထည်ပေါ်လာခြင်းမရှိသေးပေ။

သို့သော် လေယာဉ်ပြန်လည်ရှာဖွေတွေ့ရှိရေးအတွက် အိန္ဒိယသမုဒ္ဓရာတွင်းရှိ ရှာဖွေရေးဆိုဒ်ကို နောက်ထပ် စတုရန်းကီလိုမီတာ ၂၅,၀၀၀ ခန့်ကို ထပ်မံတိုးချဲ့လုပ်ဆောင်သွားရန် ပညာရှင်များအဖွဲ့က တိုက်တွန်းသွားခဲ့သည်ဟု သိရသည်။

မလေးရှား MH370 လေယာဉ်မှာ ၂၀၁၄ ခုနှစ်မတ်လ ၈ ရက်က ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှ တရုတ်နိုင်ငံ ပေကျင်းလေဆိပ်သို့ ဦးတည်ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်တွင် လေယာဉ်အမှုထမ်း ၁၂ ဦးနှင့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ခရီးသည် ၂၂၇ ဦးတို့ လိုက်ပါသွားခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags