တရုတ်မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုများ ဆိုးရွားနေချိန် တောင်ပိုင်းဒေသ၌ ခရီးသွားဝင်ရောက်မှု စံချိန်တင်မြင့်တက်လာ

တရုတ်မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှုများ ဆိုးရွားနေချိန် တောင်ပိုင်းဒေသ၌ ခရီးသွားဝင်ရောက်မှု စံချိန်တင်မြင့်တက်လာ

ဒီဇင်ဘာ ၂၀ ။                          ။ မြို့တော် ပေကျင်းအပါအဝင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ အခြားမြို့ကြီးများ၌ လက်တလောကာလအတွင်း လေထုညစ်ညမ်းမှုများ ဆိုးရွားနေလျက်ရှိချိန်   နိုင်ငံတောင်ပိုင်း   ဒေသများတွင်မူ ဒေသတွင်း ခရီးသွားလုပ်ငန်းများ စံချိန်တင် ကောင်းမွန်တိုးတက်လာနေကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုအခါ နိုင်ငံတောင်ပိုင်းတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်း စံချိန်တင်မြင့်တက်နေလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။

တရုတ်နာမည်ကြီး အွန်လိုင်းခရီးသွားအေဂျင်စီ Ctrip ၏ အဆိုအရ လက်ရှိဒီဇင်ဘာလသည် ပုံမှန်အားဖြင့် ဒေသတွင်းခရီးသွားလာရောက်မှုများပြားလှသော ကာလတစ်ခု မဟုတ်သော်ငြားလည်း ယခုနှစ်တွင်မူ စုစုပေါင်း ခရီးသွားဧည့်သည် ၁၅၀,၀၀၀ ကျော်ထိလာရောက်ရန်ရှိနေကြောင်း သိရသည်။

လက်ရှိနိုင်ငံမြောက်ခြမ်းရှိ လေထုညစ်ညမ်းမှု၏ ထိခိုက်မှုအခြေအနေများမှ ရှောင်ဖယ်နိုင်ရန်အတွက် တောင်ပိုင်းဒေသသို့ လာရောက်ကြဖွယ်ရှိခြင်းကြောင့် ယခုကဲ့သို့ ပြည်တွင်းခရီးသွားလုပ်ငန်း စံချိန်တင်မြင့်တက်ရန်ရှိနေကြောင်းလည်း Ctrip က ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly