သေဒဏ်ပြန်ပေးပြီး နေ့စဉ် ရာဇဝတ်သား ငါးယောက် ခြောက်ယောက် ကွပ်မျက်လိုကြောင်း ဒူတာတေးပြော

သေဒဏ်ပြန်ပေးပြီး နေ့စဉ် ရာဇဝတ်သား ငါးယောက် ခြောက်ယောက် ကွပ်မျက်လိုကြောင်း ဒူတာတေးပြော

မနီလာ၊ ဒီဇင်ဘာ ၁၉ ။             ။ သေဒဏ် ပြန်လည်ကျင့်သုံးကာ နေ့စဉ် ရာဇဝတ်သား လေးငါးခြောက်ယောက် ကွပ်မျက်ရန် စီစဉ်နေသည့် သမ္မတ ဒူတာတေးအား ဖိလစ်ပိုင် ကက်သလစ်ဘာသာရေး အကြီးအကဲများနှင့် လူ့အခွင့်အရေးအုပ်စုများက ရှုတ်ချကြသည်။

အသက် ရ၁ နှစ်အရွယ် ဒူတာတေးက ကက်သလစ်ဘာသာအများစု ဖိလစ်ပိုင်နိုင်ငံအတွင်း သေဒဏ် ပြန်လည်ကျင့်သုံးနိုင်ရေး လုပ်ဆောင်လျက်ရှိနေသည်။ လူပေါင်း ၅၃၀၀ ထက်မနည်း သေဆုံးသည့် ဒူတာတေး၏ ထိပ်တန်းဦးစားပေးဖြစ်သော ရာဇဝတ်မှု ဖြိုခွင်းရေး စစ်ပွဲ အစိတ်အပိုင်းတစ်ရပ်အဖြစ် လုပ်ဆောင်ခြင်းလည်းဖြစ်သည်။

“အရင်က ဒီမှာ သေဒဏ်အပြစ်ဒဏ် ရှိခဲ့တယ်။ ဒါပေမယ့် ဘာမှ မဖြစ်ခဲ့ဘူး။ ကျွန်တော်အနေနဲ့ ဒါကို ပြန်လည်ကျင့်သုံးပြီး ရာဇဝတ်သားတွေကို နေ့တိုင်း လေးငါးခြောက်ယောက် ကွပ်မျက်မှာဖြစ်တယ်။ ဒါအမှန် ပြောနေတာပဲ။”ဟု ဒီဇင်ဘာ ၁၇ ရက် ဒူတာတေးက ပြောလိုက်ခြင်းဖြစ်သည်။

ဒူတာတေး၏ အစီအစဉ်ကို လုံးလုံး ဆန့်ကျင်ကြောင်း သြဇာကြီးမားသည့် ကက်သလစ်ဘုန်းတော်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တကယ်ကို ရက်စစ်တဲ့ အဖြစ်မျိုး နိုင်ငံကို ရှုမြင်ခံရလိမ့်မှာဖြစ်တယ်။”ဟု ဘုန်းတော်ကြီး ဂျီရိုမီဆီစီလာနိုက ပြောသည်။

“ကမ္ဘာမှာ ဖိလစ်ပိုင်ကို သေဒဏ်ပြစ်ဒဏ်ပေးနေတဲ့ နေရာကြီးတစ်ရပ်ဖြစ်သွားစေလိမ့်မယ်။”ဟု ၎င်းက ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၀၆ ခုနှစ်အတွင်းက သေဒဏ်အပြစ်ပေးခြင်းအား နိုင်ငံ၏ ၈၀ ရာခိုင်နှုန်း ကိုးကွယ်ရာဘာသာဖြစ်သော ကက်သလစ်ဘုရားကျောင်းများမှ အပြင်းအထန်ဆန့်ကျင်မှုအရ ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

ဇွန်လအတွင်း ရာထူးတာဝန် ရွေးကော်မခံရမီက ဒူတာတေးက ကြိုးပေးကွပ်မျက်ခြင်းကို ပြန်လည်ကျင့်သုံးမည်ဟု ကြွေးကြော်ထားခဲ့သူဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags