ထိုင်းနိုင်ငံ မြောက်ပိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမား အခွင့်အရေးရရှိရေး တောင်းဆို

ထိုင်းနိုင်ငံ မြောက်ပိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမား အခွင့်အရေးရရှိရေး တောင်းဆို

ချင်းမိုင်၊ ဒီဇင်ဘာလ ၁၉ ။            ။ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ အလုပ်သမားအဖွဲ့အစည်း ၁၅ ဖွဲ့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၀ ကျော်က အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အသစ် လုပ်ပေးရန် အပါအဝင် အချက် ၁၁ ချက်ကို မြို့တော်ဝန်ထံသို့ တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ချင်းမိုင် တက္ကသိုလ် ယူနီစောပ် (Uniserv) ခန်းမတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စုပေါင်း၍ ရွှေ့ပြောင်း အလုပ်သမား များ၏ ကြံုတွေ့ရသည့် အခက်အခဲများ၊ အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဆွေးနွေးခဲ့ကြပြီး ယနေ့တွင် ချင်းမိုင်ခ ရိုင်ရုံး (City Hall)သို့ လမ်းလျှောက်ချီတက်၍   တောင်းဆိုချက်များ သွားရောက်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားများအတွက် လက်မှတ်အသစ် ထုတ်ပေးရန်၊ လက်မှတ်လုပ်ရာတွင်လည်း ကုန်ကျစရိတ်နှင့် စာရွက် စာတမ်းများ လျော့ပေးရန်၊ ILO၏ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အခွင့်အရေး ဥပဒေ ၈၇ နှင့် ၁၈၉ ပုဒ်မကို ထိုင်းအစိုးရမှ အသိအမှတ် ပြုပေးရန်၊ အလုပ်သမား သမဂ္ဂဖွဲ့စည်းပိုင်ခွင့်၊ အိမ်ဖော်အလုပ်သမား အခွင့်အရေး အပြည့် အဝ ရရှိရေး၊ အိမ်သယ် လုပ်ရသည့် အလုပ်သမား ဥပဒေ ဆိုင်ရာများ သတ်မှတ်ပေးရန်၊ ထိုင်းနိုင်ငံမှ ၁၀ နှစ်ကတ်၊ တောင်ပေါ်သားကဒ် ကိုင်ဆောင် ထားသူများအနေဖြင့် နယ်ကျော်ပါက ထောက်ခံစာများ မလိုဘဲ နေထိုင်ခွင့်် ပြုရန် စသည့်အချက်များ အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“အနည်းဆုံး လုပ်အားခ အပြည့်အဝ မရသေးဘူး။ နားရက်တွေ၊ အချိန်ပိုခတွေ၊ လက်မှတ်ကလည်း ဟိုပြောင်း ဒီ ပြောင်းနဲ့ သွားလာရေးခက်ခဲတဲ့အတွက် ရွှေ့ပြောင်း အလုပ်သမားတွေ တနေရာကနေ တနေရာသွားလုပ်မယ်ဆိုရင် တအား အခက်အခဲရှိတဲ့အတွက်ကြောင့်မို့ စုပေါင်းပြီးတော့ တောင်းဆိုတာပေါ့နော်” ဟု ရွှေ့ပြောင်း အလုပ်သမား ရေးရာအဖွဲ့ (WSA)မှ အတိုင်ပင်ခံ နန်းထောင်းခမ်းက   ပြောသည်။

ထို့ပြင် အခက်အခဲဖြစ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မြန်မာအစိုးရက ကူညီပေးရန်၊ မြန်မာနိုင်ငံကို ပြန် သွားသည့် ရွှေ့ပြောင်းအလုပ်သမားများ မြန်မာပြည်ပြန်သွားပါက သူတို့အတွက် ကျန်းမာရေး၊ လုံခြံုရေး၊ နေထိုင်ရေး စ သည့် အကူအညီပေးရန် မြန်မာအစိုးရ ကူညီပေးရန်နှင့် ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ ILO မှ ပြဌာန်းထား သော အလုပ်သမား ဥပဒေများကို အသိအမှတ်ပြုပေးရန်စသည့် အချက်များကို မြန်မာ အစိုးရတို့ထံ တောင်းဆိုထားသည်။

ဒီဇင်ဘာလ ၁၈ ရက်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ကြံုတွေ့နေရသည့် အခက်အခဲများ ဖြစ်သော အလုပ် သမားအများအားဖြင့် နေ့စားလုပ်အားခ အပြည့်အဝမရရှိခြင်း၊ ကျန်းမာရေးကြောင့် နားရပ်မရခြင်း၊ လူမှုဖူလုံရေး ခံစား ခွင့်မရှိခြင်း၊ လူမှုဖူလုံရေး ရရှိသူများလည်း သက် ၅၅ နှစ်ပြည့်သူများ ခံစားခွင့် မရရှိခြင်းစသည့် အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံနေရမှုများကို  ဆွေးနွေး   နှီးနှောဖလှယ်ခဲ့ကြပြီး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမ နန်းခမ်းစိန်ကလည်း အသက် ၅၅ နှစ်ရှိသော အသက်ကြီး ရွှေ့ပြောင်းအလုပ်သမားများအား အ လုပ်လုပ်ခွင့် လက်မှတ် သက်တမ်းတိုးပေးခြင်း မရှိသဖြင့် သက်တမ်းပြန်လည် ထိုးပေးရန်နှင့် အလုပ်သမားလက်မှတ် ကုန်ကျစရိတ်များ သက်သာစွာ လုပ်ခွင့်ပြုရန် တောင်းဆိုလိုသည်ဟု သူက သတင်းထောက်များကို ပြောသည်။

“အခု လောလောဆယ် ပတ်ပိုစ့်လုပ်မယ်ဆိုရင် ဘတ်တစ်သောင်းကျော်လောက်ကုန်တယ်။ အလုပ်ကလည်း အခက်အ ခဲ ရှိတယ်။ ဒီမှာ အလုပ်လုပ်တာလည်း ပတ်ပိုစ့်လုပ်ဖို့ လာတာ မဟုတ်ဘူး။ အိမ်ကို ပို့ပေးပို့ရှာတာ။ ဒါပေမဲ ့ဘတ်လုပ်လို့ ကုန်သွားတယ်။ ဒါကြောင့် ဒီကနေ တောင်းပြီး ထိုင်းအစိုးရ အဲဒီ ပြဿနာတွေကို ရှင်းလင်းပေးဖို့ တောင်းဆိုတာ။ လူအို အရွယ် ၅၅ ပြည့်ရင် သူတို့က သက်တမ်း မတိုးပေးတော့ဘူး။ သူတို့ အိမ်ပြန်သွားရင်လည်း ပြုစုတဲ့ လူမရှိလို့ တောင်းဆို တာပါ” ဟု သူက ပြောသည်။

တောင်းဆိုချက်များကို ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသော MAP ဖောင်ဒေးရှင်း၊ လူ့အခွင့်အ ရေးဖော်ဒေးရှင်း(HRDF)၊ ထိုင်းနိုင်ငံမြောက်ပိုင်း အလုပ်သမား မဟာမိတ်အဖွဲ့   (Northern labour Network)၊ ရွှေ့ ပြောင်းအလုပ်သမား ညီညွတ်ရေးအဖွဲ့ (WFA)၊ ရွှေ့ပြောင်းအလုပ်သမားရေးရာအဖွဲ့ (WSA)၊ ရှမ်းလူငယ်အဖွဲ့ (SYP)၊ ထိုင်းအလုပ်သမား သမဂ္ဂ၊ လိင်ပိုင်းဆိုင်ရာ အလုပ်သမားအဖွဲ့ (Empower) နှင့် MPLUS စသည့် အဖွဲ့အစည်းများ အပါ အဝင် အဖွဲ့အစည်း ၁၀ ဖွဲ့ကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly