ဗီယက်နမ်နိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၂၄ ဦးထိ ရှိလာ

ဗီယက်နမ်နိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၂၄ ဦးထိ ရှိလာ

ဒီဇင်ဘာ ၁၉ ။           ။ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး ၂၄ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောသည်။

ယင်းနိုင်ငံအနေဖြင့် ပုံမှန်အားဖြင့် အပူပိုင်းမုန်တိုင်းများနှင့် မိုးကြီးမှုဖြစ်စဉ်များနှင့် ကြံုတွေ့ရလေ့ရှိသော်လည်း ယခုကဲ့သို့ ဒီဇင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုမှာ မကြံုစဖူးထူးကဲသည့်   ဖြစ်စဉ်တစ်ခုလည်း ဖြစ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်က စတင်ရွာသွန်းခဲ့သော မိုးကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ပြီး ကမ်းရိုးတန်းဒေသ Binh Dinh တစ်ခုတည်းတွင်ပင် သေဆုံးသူ ၁၆ ဦးရှိခဲ့ကြောင်း အမျိုးသားရေလွှမ်းမိုးမှုနှင့် မုန်တိုင်းအန္တရာယ် ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန်သည်။

ရေလွှမ်းမိုးမှုကြောင့် တန်ဖိုး ဒေါ်လာ ၃၂ သန်း ရှိ သီးနှံစိုက်ခင်း ဟက်တာပေါင်း ၃၂,၀၀၀ကျော် ဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags