တောင်ကိုရီးယားတွင် ခြစားမှုအရှုပ်တော်ပုံနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်

တောင်ကိုရီးယားတွင် ခြစားမှုအရှုပ်တော်ပုံနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်

ဒီဇင်ဘာ ၁၉ ။                      ။ သမ္မတကိုယ်တိုင် စွဲချက်တင်ခံထားရသည်အထိ ရှုပ်ထွေးခဲ့သော တောင်ကိုရီးယား ခြစားမှုအရှုပ်တော်ပုံကို အာဏာပိုင်များက ဒီဇင်ဘာ ၁၉ ရက်တွင် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုအခါ ယင်းအကျင့်ပျက်ခြစားမှုပြဿနာတွင် အဓိက ပါ၀င်ပတ်သက်သူဖြစ်သည့် သမ္မတ ပက်ဂွမ်ဟေး၏ ငယ်သူငယ်ချင်းဖြစ်သူ ချွိုင်ဆွန်းဆီးလ်အား စစ်ဆေးမေးမြန်းမှုများ ယနေ့ စတင် လုပ်ဆောင်သွားမည်ဖြစ်သည်။

၎င်းမှာ သမ္မတနှင့် ရင်းနှီးကျွမ်းဝင်မှုကို အသုံးချကာ နိုင်ငံတွင် အကျင့်ပျက်ခြစားမှုများ ပြုလုပ်ကျူးလွန်ထားကြောင်း စွဲချက်တင်ခံထားရသူလည်း ဖြစ်သည်။

ယင်းကိစ္စရပ်တို့ကြောင့် သမ္မတ ပက်မှာလည်း လွှတ်တော်၏ စွဲချက်တင်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး ရာထူးအာဏာများကို ၀န်ကြီးချုပ်ဖြစ်သူထံ လွှဲပြောင်းပေးအပ်ထားရကာ စုံစမ်းမေးမြန်းမှုများနှင့် ရင်ဆိုင်ရရန်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly