ဒရက်စ်လာကိုခေါ်ယူရန် အာဆင်နယ်အသင်းအား အိုဇေးလ်တောင်းဆို

ဒရက်စ်လာကိုခေါ်ယူရန် အာဆင်နယ်အသင်းအား အိုဇေးလ်တောင်းဆို

ဒီဇင်ဘာ ၁၈၊ လန်ဒန်။           ။ ဂျာမနီအသင်းဖော်ဒရက်စ်ကိုခေါ်ယူရန် အာဆင်နယ်အသင်းအား အိုဇေးလ်ကတောင်းဆိုခဲ့သည်ဟု သတင်းများထွက်နေသည်။

ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်နှင့်အဆင်မပြေဖြစ်နေပြီး ဇန်နဝါရီတွင် အသင်းပြောင်းရန်ကြိုးပမ်းနေသည့် ဂျူလီယန် ဒရက်စ်လာသည် အာဆင်နယ်အသင်းနှင့် ကာလရှည်ချိတ်ဆက်မှုများရှိခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ကွင်းလယ်ကစားသမားကို ပြင်သစ်ကလပ် ပီအက်စ်ဂျီက စိတ်ဝင်စားကြောင်းပြသနေသော်လည်း အာဆင်နယ်အသင်းကဦးစွာကမ်းလှမ်းရန် အိုဇေးလ်ကတွန်းအားပေးထားသည်ဟု ပြင်သစ်သတင်းစာ အာအမ်စီစပို့က ဖော်ပြခဲ့ သည်။

အိုဇေးလ်သည်လက်ရှိတွင် လန်ဒန်မြောက်ပိုင်းကလပ်နှင့် စာချုပ်သစ်လက်မှတ်ထိုးခြင်းမရှိသေးဘဲ စာချုပ်သစ်အတွက် အသင်းဖော်ဆန်းချက်ဇ်နှင့်အတူ ကြန့်ကြာလျှက်ရှိသည်။ နှစ်ယောက်စလုံးမှာ အသင်းနှင့်စာချုပ်သက်တမ်း ၁၈ လသာကျန် တော့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly