တရုတ်မှပေါင်သန်း ၁၂၀ ဖြင့်ကမ်းလှမ်းမှုကို အီဘရာဟီမိုဗစ်ပယ်ချမည်

တရုတ်မှပေါင်သန်း ၁၂၀ ဖြင့်ကမ်းလှမ်းမှုကို အီဘရာဟီမိုဗစ်ပယ်ချမည်

ဒီဇင်ဘာ ၁၈၊ မန်ချက်စတာ။            ။ တိုက်စစ်မှူးအီဘရာဟီမိုဗစ်သည် မန်ယူအသင်းတွင်ဆက်ကစားရန်ဆန္ဒရှိနေသောကြောင့် တရုတ်ထံမှပေါင်သန်း ၁၂၀ ဖြင့် ကမ်းလှမ်းမှုကို ပယ်ချရန်အသင့်ဖြစ်နေသည်။

ဆွီဒင်စူပါကြယ်ပွင့်သည် စီးပွားရေးအမြတ်အစွန်းများကိုရရှိစေနိုင်သည့်အပြင် တရုတ်စူပါလိဂ်၏ပုံရိပ်ကိုလည်း မြင့်တက်စေနိုင် ကြောင်း တရုတ်အာဏာပိုင်များကသိရှိထားသဖြင့် ယင်းကစားသမားကိုခေါ်ယူရင်းနှီးမြှုပ်နှံလိုနေခြင်းဖြစ်သည်။

တရုတ်တို့သည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလကလည်း အသက် ၃၅ နှစ်အရွယ်ကစားသမား ပရီးမီးယားလိဂ်ကလပ် မန်ယူသို့မပြောင်းမီ တစ်နှစ်ပေါင် ၅၆ သန်းဝန်းကျင်ဖြင့်ကမ်းလှမ်းရန် ဆန္ဒရှိခဲ့ကြသေးသည်။

ယင်းကစားသမား၏ခြေစွမ်းနှင့် ဂိုးသွင်းနှုန်းကြောင့် ကမ်းလှမ်းမှုကိုကြေးထပ်မံတိုးမြှင့်ရာတွင် မန်ယူအတွက် ပြောင်းရွှေ့ကြေး လည်း ပါဝင်လာဖွယ်ရှိနေသည်။

မန်ယူနှင့်မော်ရင်ဟိုတို့က အီဘရာဟီမိုဗစ်ကို နောက်ထပ်တစ်နှစ်ဆက်ရှိနေစေချင်သည့်အပြင် ဆွီဒင်တိုက်စစ်မှူးကလည်း ဆက်နေရန် ဝမ်းမြောက်ဝမ်းသာလက်ခံဖွယ်ရှိနေသည်။

ခြေစွမ်းနှင့်ပတ်သက်ပြီးထူးခြားသည့်ပုံစံရှိနေသော်လည်း ၎င်း၏ပင်ကိုအခြေအနေ၊ ကြံ့ခိုင်မှုနှင့် သဘောထားက အသင်း၏ လူငယ်ကစားသမားအချို့ သင်ယူလေ့လာရန်အကျိုးဖြစ်စေလျှက်ရှိရာ မန်ယူနှင့် ပရီးမီးယားလိဂ်၏ လေးစားမှုကို ရရှိနေသည်။

လက်ရှိရာသီတွင် မန်ယူအသင်းအတွက် ၂၅ ပွဲကစား၊ ၁၆ ဂိုးသွင်းထားပြီး ကောင်းမွန်စွာအထိုင်ကျလျှက်လည်းရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly