စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် လူထုဆန္ဒပြပွဲများ ပိုလန်နိုင်ငံ၌ဖြစ်ပွား

စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် လူထုဆန္ဒပြပွဲများ ပိုလန်နိုင်ငံ၌ဖြစ်ပွား

ပိုလန်နိုင်ငံမြို့တော် ၀ါဆောမြို့ရှိဆန္ဒပြသူများဟာ ပါလီမန်ထဲသို့ သတင်းစာသမားများ ၀င်ရောက်ခွင့်ပိတ်ပင်သွား မည်ဆိုသောအစိုးရရဲ့အစီအစဉ်ကို ထပ်မံ၍ဆန့်ကျင ်ဆန္ဒပြနေကြပါသည်။

လူအုပ်ကြီးဟာ သမ္မတနန်းတော်ရှေ့မှာ စနေနေ့မနက်တုန်းက စုရုံးနေခဲ့ကြပြီးနောက် ပါလီမန်သို့ချီတက်သွားခဲ့ ကြပါသည်။ ပါလီမန်အတွင်းမှာလည်း ပါလီမန်အဖွဲ့ဝင်များကိုယ်၌က   ပြီးခဲ့သောသောကြာနေ့ကတည်းက နေရာမှ ဖယ်မပေးပဲထိုင်လျက် ဆန္ဒပြနေခဲ့ကြပါသည်။

ပိုလန်ဝန်ကြီးချုပ် ဘီရာတာရှစ်ဒ်ဝေါ က ရုပ်သံမိန့်ခွန်းထုတ်လွှင့်မှုမှာ ပါလီမန်အဖွဲ့ဝင်တွေရဲ့အပြုအမူကို ကျော်မကောင်းကြားမကောင်း လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါသည်။ လူတိုင်းဟာလွတ်လပ်စွာဆန္ဒပြနိုင် ခွင့်ရှိပေမယ့်လည်း အခြားသူတွေရဲ့အမြင်ကိုတော့ လေးစားသင့်တယ်လို့ သူမကပြောဆိုခဲ့ပါသည်။

ပိုလန်ရဲ့လူကြိုက်များသော လက်ယာယိမ်းအစိုးရက ပါလီမန်ထဲသို့ဝင်ရောက်ခွင့်ရှိသောသတင်းထောက်အရေ အတွက်ကို ကန့်သတ်မှုပြုလုပ်ချင်နေပါသည်။ သို့သော်လည်း အတိုက်အခံပါတီမှ ပါလီမန်အဖွဲ့အဝင်များက ဒါဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ခြင်းဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါသည်။

ပြီးခဲ့သော စနေနေ့က သမ္မတနန်းတော်အပြင်ဘက်တွင် ရဲသားအမြားအပြားလည်းရှိနေခဲ့ကာ ဆန္ဒပြသူ ၂၀၀၀ လောက်က “လွတ်လပ်ခွင့်၊တန်းတူညီမျှမှု။ဒီမိုကရေစီ” စတဲ့စကားလုံးများက ိုအော်ဟစ်ကာ စုရုံးဆန္ဒပြခဲ့ကြပါ သည်။ အချို့ဆိုလျှင် အခြေခံဥပဒေကို မိတ္တူကူးကာ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါသည်။ ထို့နောက် လူထုကြီးဟာ ပါလီမန်အဆောက်အအုံသို့ချီတက်ခဲ့ကြကာ ထိုနေရာတွင် တစ်နေကုန်တစ်နေခမ်းရှိနေခဲ့ကြပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly