တရုတ်-ထိုင်ဝမ်အကြား ရှိရင်းစွဲ အခြေအနေအတိုင်းသာ ဆက်ရှိနေစေဖို့ ထရန့်ကို အိုဘားမားတိုက်တွန်း

တရုတ်-ထိုင်ဝမ်အကြား ရှိရင်းစွဲ အခြေအနေအတိုင်းသာ ဆက်ရှိနေစေဖို့ ထရန့်ကို အိုဘားမားတိုက်တွန်း

ဒီဇင်ဘာ ၁၇ ။                  ။ တရုတ်နှင့် ထိုင်ဝမ်တို့အကြားရှိ လက်ရှိ ရှိရင်းစွဲအခြေအနေကို ပိုနေမြဲကျားနေမြဲအတိုင်းသာ ရှိစေရေး အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက   ရွေးကောက်ခံသမ္မတ   ဒေါ်နယ်ထရန့်ကို အကြံပြုပြောကြားလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်တို့၏ တစ်ပြည်ထောင်တည်း မူဝါဒအပေါ် အခြေခံကာ ရှိနေသည့် တရုတ်-ထိုင်ဝမ် ရှိရင်းစွဲအခြေအနေကို မပျက်စေရန်လုပ်ဆောင်ခြင်းက ငြိမ်းချမ်းမှုအပေါ် ကူညီထိန်းသိမ်းပေးရာရောက်ကြောင်း အိုဘားမားက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ထိုင်ဝမ်သမ္မတနှင့် တိုက်ရိုက်ဖုန်းဆက်သွယ်ပြောကြားခြင်းဖြင့် အဆိုပါ တရုတ်တို့၏ တစ်ပြည်ထောင်တည်း မူဝါဒအပေါ်   မေးခွန်းထုတ်ခဲ့မှုအပေါ် အိုဘားမားက အကြံပြုသွားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင်လည်း ၀ါရှင်တန်-ပေကျင်းအကြား ဆက်ဆံရေးကောင်းမွန်ရန် အရေးကြီးကြောင်း အိုဘားမားက ပြောကြားခဲ့ပြီး ယခုလက်ရှိအခြေအနေထက် ပိုမိုထူးခြားကောင်းမွန်လာနိုင်သည့်   နှစ်ဘက်ဆက်ဆံမှုမျိုး ရှိလာနိုင်ဖွယ်မရှိကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags