ကင်းမွန် မီးထွန်းလှေ အစီး ၁၀၀ ကျော် လိုင်စင်မရ၍ လုပ်ငန်းရပ်နားရမည့် အခြေအနေ ကြံုတွေ့နေ

ကင်းမွန် မီးထွန်းလှေ အစီး ၁၀၀ ကျော် လိုင်စင်မရ၍ လုပ်ငန်းရပ်နားရမည့် အခြေအနေ ကြံုတွေ့နေ
ဓာတ်ပုံ -ဇော်နီ

မြိတ်၊ ဒီဇင်ဘာ ၁၇ ။         ။ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကင်းမွန် မီးထွန်းလှေ အစီး ၁၀၀ ကျော် လုပ်ငန်းလိုင်စင် မရ၍ လုပ်ငန်းရပ်နားရ မည့်အခြေအနေ ကြံုတွေနေရကြောင်း မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးဌေးလှိုင်က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

" ကျွန််တော်တို့ ကင်းမွန် လှေတွေက စက်ဂရန် ၊ လှေဂရန်တွေရှိတယ်။ ဒါပေမယ့် လုပ်ငန်းလိုင်စင်အနေနဲ့က လျောက်ထား  ဆဲဖြစ်ပါတယ်။ လျောက်ထားတာကလည်း ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက အခုထက်ထိ လိုင်စင်မရခဲ့ကြပါဘူး။ လက်ရှိအခြေအနေက လိုင်စင်မရှိရင် ဖမ်းမယ်ဆိုတော့ လုပ်ငန်းရပ်နားနေရတဲ့ အခြေအနေဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။

မြိတ်မြို့တွင် ဒေသခံကမ်းဝေး ငါးဖမ်းရေယာဉ် ကင်းမွန်မီးထွန်းလှေ အစီးရေ ၈၀၀ ကျော်ရှိပြီး  လုပ်ငန်းလိုင်စင်ရှိသည့် ကင်းမွန်မီးထွန်းလှေ အစီး ၂၀၀ ကျော်၊ လိုင်စင်မရရှိသေးဘဲ လုပ်ငန်း လည်ပတ်နေသည့် အစီး ၁၀၀ ကျော် ရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လိုင်စင်မရရှိသေးသည့် ကင်းမွန်လှေ အစီး ၁၀၀ ကျော်အတွက် လုပ်ငန်းလိုင်စင်များ ချထားပေးနိုင်ရန် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်က စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ ငါးလုပ်ငန််းဦးစီးဌာန ပြည်ထောင်စု ၀န်ကြီးထံသို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly