ဆိုးလ်၊ ဒီဇင်ဘာ ၁၇ ။ ။ တောင်ကိုရီးယား သမ္မတအဖြစ် ဝင်ရောက်အရွေးခံဖွယ် ရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အရိပ်အမြွက်ပြောသည်။
ဘန်ကီမွန်းအနေဖြင့် ကမ္ဘာ့ထိပ်တန်း သံတမန်တစ်ဦးဖြစ်သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နေရာမှ ဒီဇင်ဘာလကုန်တွင် အနားယူတော့မည်ဖြစ်သည်။
အတွင်းရေးမှူးချုပ်အဖြစ် နောက်ဆုံး သတင်းစာရှင်းလင်းပွဲ၌ ဘန်ကီမွန်းက တောင်ကိုရီးယားသို့ ပြန်ပြီး သူ့၏ နိုင်ငံအတွက် အကောင်းဆုံးကူညီရန် စဉ်းစားထားကြောင်း ပြောခဲ့သည်။
တောင်ကိုရီးယားတွင် သမ္မတရွေးကောက်ပွဲက ၂၀၁၇ ဒီဇင်ဘာတွင် ကျင်းပရန် ရှိသည်။
သို့သော် အကျင့်ပျက်မှုဖြင့် လက်ရှိသမ္မတ ပတ်ဂွန်ဟေးအား စွပ်စွဲအပြစ်တင်မှုအား လွှတ်တော်က မဲပေးပြီးနောက် နှစ်လအတွင်း ရွေးကောက်ပွဲ ကျင်းပဖွယ်ရှိနေသည်။
ပတ်ဂွန်ဟေးက ၎င်း၏ လူယုံမိတ်ဆွေတစ်ဦးအား သမ္မတနှင့် ပတ်သက်ခြင်းကို ခုတုံးလုပ်ကာ ကိုယ်ကျိုးစီးပွားရှာမှုအား ခွင့်ပြုပေးခဲ့ကြောင်း စွပ်စွဲခံထားရခြင်းဖြစ်သည်။