ခရစ်စမတ်ရာသီ စတင်သည့်အနေဖြင့် ဖိလစ်ပိုင်ပြည်သူများ နံနက်အာရုဏ်တက်ချိန်တွင် စုဝေးကာ မီးထွန်းပွဲများနှင့် ဂီတဖျော်ဖြေမှုများ ပြုလုပ်

ခရစ်စမတ်ရာသီ စတင်သည့်အနေဖြင့် ဖိလစ်ပိုင်ပြည်သူများ နံနက်အာရုဏ်တက်ချိန်တွင် စုဝေးကာ မီးထွန်းပွဲများနှင့် ဂီတဖျော်ဖြေမှုများ ပြုလုပ်

ဒီဇင်ဘာ ၁၆ ။         ။ ဖိလစ်ပိုင်နိုင်ငံတွင် ကျရောက်လာပြီဖြစ်သည့် ခရစ်စမတ်ပွဲတော်ရာသီစတင်ဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၆ ရက်က ပြည်သူများလမ်းများပေါ်သို့ စုရုံးချီတက်ကာ ကိုးရက်ကြာ ဘာသာရေးထုံးတမ်းအစဉ်အလာတစ်ခုကို စတင်ကျင်းပခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြို့တော် မနီလာ၏ တောင်ဘက် Las Pinas မြို့မှ ရာပေါင်းများစွာသော ဒေသခံပြည်သူများမှာ နေအိမ်အပြင်ဘက်သို့ ထွက်ကာ မီးများထွန်းညှိကာ စုဝေးခဲ့ကြသကဲ့သို့ ဂီတနှင့်အက  ဖျော်ဖြေ တင်ဆက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသအခေါ် Simbang Gabi ဆိုသော စုရုံးမှု၌ နိုင်ငံတစ်ဝန်းမှ ပါ၀င်သူပြည်သူများအနေဖြင့် နံနက်အာရုံတက်ချိန် ၄ နာရီထိုးချိန်တွင် ဘုရားကျောင်းခေါင်းလောင်းသံနှင့်အတူ နိုးထလာကြပြီး ဘာသာရေးအခမ်းအနားသို့ တက်ရောက်ကြရသည်ဟုလည်း သိရသည်။

ယင်းအလေ့အထကို မက္ကဆီကို နိုင်ငံရှိ ကက်သလစ်ဘာသာဝင်များကလည်း ပြုလုပ်လေ့ရှိကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly