အလက်ပိုမြို့မှ ဘေးကင်းရာသို့ရွှေ့ပြောင်းမှု အစီအစဉ်ကို ဆီးရီးယားအစိုးရဘက်မှ ဆိုင်းငံ့ထားပြီး သူပုန်များအား ပြစ်တင်ဝေဖန်

အလက်ပိုမြို့မှ ဘေးကင်းရာသို့ရွှေ့ပြောင်းမှု အစီအစဉ်ကို ဆီးရီးယားအစိုးရဘက်မှ ဆိုင်းငံ့ထားပြီး သူပုန်များအား ပြစ်တင်ဝေဖန်

အလက်ပိုမြို့အရှေ့ဘက်အခြမ်းတွင် ပိတ်မိနေသောပြည်သူများနှင့် ဒဏ်ရာရစစ်သားများကိုဘေးကင်းရာသို့ ရွှေ့ပြောင်းမှု အစီအစဉ်အား ဆီးရီးယားအစိုးရဘက်မှ ဆိုင်းငံ့ထားလိုက်ပြီး သူပုန်များကိုလည်း သဘောတူညီချက်အား ချိုးဖျက်သည်ဟု စွပ်စွဲလိုက်ပါသည်။

စစ်ပြေငြိမ်းရေး သဘောတူညီချက်တွင် ပြဌာန်းထားသည့်အတိုင်း ဆီးရီးယားရှိ အစိုးရကိုထောက်ခံသောမြို့များ သို့ ပြည်သူများရွှေ့ပြောင်းသော်လည်း ထိုလမ်းကြောင်းကိုသူပုန်များက ပိတ်ထားလိုက်သည်ဟု ဆီးရီးယား အစိုးရသတင်းအရင်းအမြစ်များအရ သိရပါသည်။

သတင်းပေးပို့ချက်များအရ ပြည်သူ့စစ်များသည် အလက်ပိုမြို့မှ ထွက်ခွာနေသည့် ဘတ်စ်ကားယာဉ်တန်းကိုပစ် ခတ်ခဲ့ကြောင်းသိရပါသည်။ လွန်ခဲ့သော ကြာသာပတေးနေ့ကတည်းက အနည်းဆုံးလူပေါင်း  ၆၀၀၀လောက်ဟာ မြိို့ထဲမှ ထွက်ခွာသွားပြီဖြစ်သော်လည်း ပိတ်မိနေသေးသောလူများမှာ အနည်းဆုံး ၅၀၀၀၀လောက်ရှိသည်ဟု ကုလသမဂ္ဂကပြောကြားခဲ့ပါသည်။

ရုရှားမှထောက်ပံ့ပေးထားသော ဆီးရီးယားအစိုးရစစ်တပ်ဟာ သူပုန်များထိန်းချုပ်ထားရာ နယ်မြေအားလုံးနီးပါး ကိုပြန်လည်ထိန်းချုပ်ထားပြီ ပြီဖြစ်ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly