အီးယူအဖွဲ့အတွင်း တည်ငြိမ်မှုရှိစေရန် ဂရိ၏ ကြွေးမြီပြဿနာအပေါ် ၀ိုင်းဝန်းအဖြေရှာပေးရန် ပြင်သစ်သမ္မတ တောင်းဆို

အီးယူအဖွဲ့အတွင်း တည်ငြိမ်မှုရှိစေရန် ဂရိ၏ ကြွေးမြီပြဿနာအပေါ် ၀ိုင်းဝန်းအဖြေရှာပေးရန် ပြင်သစ်သမ္မတ တောင်းဆို

ဒီဇင်ဘာ ၁၆ ။            ။ ဥရောပသမဂ္ဂ-အီးယူအဖွဲ့အတွင်း မတည်မငြိမ်ဖြစ်စေနိုင်သည့်အရေးမှ ရှောင်လွဲနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော ဂရိတို့ ကြံုတွေ့နေရသည့် ပြဿနာအတွက် အဖြေတစ်ခု ရှာဖွေပေးရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက တိုက်တွန်းပြောကြားလိုက်သည်။

ယင်းသို့ အဖြေတစ်ခု ရရှိမှသာ ကြွေးရှင်များအပေါ် ပေးထားသည့် ဂရိအစိုးရ၏ ကတိကဝတ်များကို ကူညီဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ုယင်းနိုင်ငံတင်ရှိနေသည့် ကြွေးမြီများကို သက်သာလျော့ပါးစေမည့် ရေတိုဆောင်ရွက်ချက်များကို လမ်းဖွင့်ပေးနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ တစ်ဆက်တည်းမှာပင် အီးယူအဖွဲ့ကြီးကို မတည်မငြိမ်ဖြစ်စေနိုင်မည့်  ဘေးမှလည်း   ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်က ဘရက်ဆဲလ်မြို့ အီးယူခေါင်းဆောင်များတွေ့ဆုံပွဲအပြီး၌ ပြင်သစ်သမ္မတ ပြောကြားရာတွင် ဂရိ၀န်ကြီးချုပ် အလက်ဆစ် ဆီပရက်စ်၏ ကတိကဝတ်များကို ၀ိုင်းဝန်းထိန်းသိမ်း   ပေးနိုင်ရေးနှင့် တစ်ချိန်တည်းမှာပင် ယင်းနိုင်ငံ တင်ရှိနေသော ကြွေးမြီများ သက်သာလျော့ပါးစေမည့် လုပ်ဆောင်ချက်များဖြင့် ဆက်သွားနိုင်ရေးတို့အတွက် နည်းလမ်းတစ်ခု ရှာဖွေရမည်ဖြစ်ကြောင်း   ပြင်သစ်သမ္မတက ပြောသည်။

နိုင်ငံတွင် ပင်စင်စားများအတွက် ယူရို ၆၁၇ သန်း (ဒေါ်လာ ၆၄၃ ဒသမ ၄ သန်း) ခွဲဝေချထားပေးမည့် ဂရိအစိုးရ၏ တစ်ယူသန်ဆုံးဖြတ်ချက်ကြောင့် ယင်းနိုင်ငံကို ငွေချေးပေးနေသည့်အဖွဲ့တစ်ခုဖြစ်သည့် European Stability Mechanism (ESM) က ယင်း၏ရေတို ကူညီပေးနေမှုများကို ရပ်ထားရန် ဆုံးဖြတ်ထားလိုက်ပြီဖြစ်သည်။

ယင်းကိစ္စအတွက်ကြောင့်လည်း အီးယူနိုင်ငံများအတွင်း အခြေအတင်ဆွေးနွေးမှုများ ရှိလာခဲ့ခြင်းကြောင်း ဂရိပြဿနာအတွက် အမြန်ဆုံးအဖြေတစ်ခုရှာဖွေရန် ပြင်သစ်သမ္မတက  တောင်းဆိုသွားခဲ့ခြင်း   ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags