လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သည့် ချာပက်ကိုယန်စီအသင်း ကစားသမား နက်တိုအား ဘရာဇီးသို့ ပြန်လည်ခေါ်ဆောင်

လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သည့် ချာပက်ကိုယန်စီအသင်း ကစားသမား နက်တိုအား ဘရာဇီးသို့ ပြန်လည်ခေါ်ဆောင်

ဒီဇင်ဘာ ၁၆ ။           ။ ဘရာဇီးဘောလုံးကလပ် ချာပက်ကိုယန်စီအသင်းမှ အသင်းသားများ လိုက်ပါသွားသည့် လေယာဉ် ကိုလံဘီယာတွင် ပျက်ကျသွားခဲ့သည့်ဖြစ်စဉ်၌ အသက်ရှင်လွတ်မြောက်သူ တစ်ဦးဖြစ်သော နောက်တန်းကစားသမား ဟယ်လီယို ဇမ်ပီယာ နက်တိုအား ဒီဇင်ဘာ ၁၅ ရက်က မိခင်ဘရာဇီးနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူပေါင်း ရ၁ ဦးထိ သေဆုံးခဲ့ရသော ယင်းလေယာဉ်ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ ခြောက်ဦးအနက်တစ်ဦးဖြစ်သော နက်တိုအား ၎င်းတက်ရောက်ကုသနေခဲ့သော ကိုလံဘီယာနိုင်ငံ Medellin မြို့ ဆေးရုံမှ တဆင့် ဘရာဇီးသို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ထွက်ခွာချိန်တွင် နက်တိုမှာ အခြေအနေကောင်းပုံရပြီး ကိုလံဘီယာတာဝန်ရှိသူများကို ကျေးဇူးတင်စကား ဆိုသွားခဲ့သည်။

နက်တိုအား ယင်းနေ့က အထူးလေယာဉ်နှင့် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်တွင် ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ ဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦးနှင့် အရေးပေါ်ဆေးအဖွဲ့တို့လိုက်ပါ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

" သူကောင်းကောင်း သတိပြန်ရနေပါပြီ၊ နည်းနည်းတော့ကြောက်နေပါတယ်၊ ဒါပေမယ့် ပုံမှန်ပါပဲ" ဟု လေယာဉ်ပေါ်တွင်လိုက်ပါလာသော ဆေးအဖွဲ့မှ အကြီးအကဲ ဖရန်စ္စစ်ကို ဆော်တိုက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags