သမ္မတပါ၀င်ပတ်သက်နေသည့် ခြစားမှုပြဿနာနောက်ပိုင်း တောင်ကိုရီးယားအာဏာရ ပါတီခေါင်းဆောင်များ ရာထူးမှ နှုတ်ထွက်ရန်စီစဉ်

သမ္မတပါ၀င်ပတ်သက်နေသည့် ခြစားမှုပြဿနာနောက်ပိုင်း တောင်ကိုရီးယားအာဏာရ ပါတီခေါင်းဆောင်များ ရာထူးမှ နှုတ်ထွက်ရန်စီစဉ်

ဒီဇင်ဘာ ၁၆ ။          ။ တောင်ကိုရီးယား သမ္မတ ပါ၀င်ပတ်သက်နေခဲ့သည့် အကျင့်ပျက်ခြစားမှု ပြဿနာဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံ၏ အဓိကအာဏာရပါတီမှ ထိပ်တန်းခေါင်းဆောင်များမှာ ၎င်းတို့၏ လက်ရှိ ရာထူးအသီးသီးမှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာသွားခဲ့သည်။

လက်ရှိအာဏာရပါတီ ကွန်ဆာတေးဗစ် Saenuri ၏ ဥက္ကဌ လီဂျန်ဟွန်းအပါအဝင် ထိပ်တန်းကောင်စီဝင်အားလုံး လာမည့်သီတင်းပတ်အတွင်း ၎င်းတို့၏ လက်ရှိရာထူးအသီးသီးမှ   နှုတ်ထွက်တော့မည်   ဖြစ်ကြောင်း  မီဒီယာများသို့ ထုတ်ပြန်ပြောကြားသွားသည်။

ယင်းနိုင်ငံတွင် သမ္မတ ပက်ဂွန်းဟေးအား အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်ဖော်ထုတ်စစ်ဆေးရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပါလီမန်က ဆုံးဖြတ်အတည်ပြု ပေးထားသည်။

ယင်းအတွက်ကြောင့် သူမ၏ တာဝန်ဝတ္တရားများနှင့် လုပ်ပိုင်ခွင့်အာဏာကို ၀န်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ရပြီး ခြစားမှုစွဲချက်ကို ကြားနာရတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly