အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုမှာ ဆန်းချက်ဇ်လိုချင်သည့် လစာငွေပမာဏနှင့် ကိုက်ညီမှု မရှိသေး

အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုမှာ ဆန်းချက်ဇ်လိုချင်သည့် လစာငွေပမာဏနှင့် ကိုက်ညီမှု မရှိသေး
 

ဒီဇင်ဘာ ၁၆၊ အင်္ဂလန် ။                   ။ အာဆင်နယ်အသင်းသည် ၎င်းတို့၏အဓိက တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ်ကို တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၈၀,၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းလိုက်သည်။

သို့သော် ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်က တစ်ပတ်လုပ်ခ လစာငွေ ပေါင်နှစ်သိန်းခွဲ ပေးချေရန် တောင်းဆိုထားသည့်အတွက် အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုမှာ အဆင်မပြေသေးဘဲ ဆန်းချက်ဇ်၏ ကိုယ်စားလှယ်နှင့် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ဆန်းချက်ဇ်အနေဖြင့် တရုတ်စူပါလိဂ်ကလပ်များသို့ ပြောင်းရွှေ့မည်ဆိုပါက တစ်ပတ်လစာငွေ ပေါင်လေးသိန်း ရရှိမည် ဖြစ်သည်။ ထို့ကြောင့် အာဆင်နယ်အသင်းဘက်ကလည်း ဆန်းချက်ဇ်၏ အနာဂတ်တည်ငြိမ်မှုရှိစေရန် ဆွေးနွေးမှုများ ဆက်လျက်ပြုလုပ်လျက်ရှိပြီး လာမည့်အပတ်အတွင်း အခြေအနေ တိုးတက်ကောင်းမွန်လာမည်ဟု မျှော်လင့်နေသည်။

ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့၏ လက်ရှိစာချုပ်မှာ ၁၈ လကျန်ရှိနေသေးသည်။ အာဆင်နယ်အသင်းအနေဖြင့် ဆန်းချက်ဇ်ကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပါက အဓိကကွင်းလယ်လူ အိုဇေးလ်ကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ရန် လွယ်ကူသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly